ချဲလ်ဆီးနည်းပြအဖြစ်ခန့်အပ်ခံရရန် ကွန်တီထိပ်ဆုံးမှရေပန်းစားနေ
|
ချဲလ်ဆီးအသင်းသည် နည်းပြမော်ရင်ညိုကိုထုတ်ပယ်ခဲ့ပြီးနောက် ၎င်း၏နေရာတွင် ကာလရှည်စာချုပ်ဖြင့်နည်းပြတစ်ဦးခန့်အပ်ရန်ကြိုးပမ်းနေကာ အီတလီလက်ရွေးစင်နည်းပြကွန်တီမှာ ချဲလ်ဆီးနည်းပြတာဝန်ထမ်းဆောင်နိုင်မည့်စာရင်း ထိပ်ဆုံးနေရာတွင်ရှိနေကြောင်း သိရသည်။
ကွန်တီသည် ပြီးခဲ့သည့်ခရစ္စမတ်ကာလတွင် ချဲလ်ဆီးအသင်းနှင့်တွေ့ဆုံမှုများရှိခဲ့ပြီး အီတလီနည်းပြရာထူးမှနုတ်ထွက်၍ လာမည့်နှစ်တွင် အင်္ဂလန်သို့ခြေချရန် အဆင်သင့်ဖြစ်နေကြောင်းနှင့် ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမပြီးဆုံမီအချိန်၌ ကွန်တီနှင့်ချဲလ်ဆီးတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဂျူဗင်တပ်နှင့်အတူ စီးရီးအေချန်ပီယံဆုဖလား ၃ ကြိမ်ဆွတ်ခူးနိုင်ခဲ့သည့် နည်းပြကွန်တီမှာ အီတလီပြင်ပသို့ထွက်ခွာ၍ စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေကြောင်းနှင့် ယခုနွေရာသီပြိုင်ပွဲများအပြီးတွင် ကလပ်အသင်းနည်းပြဘ၀သို့ ပြန်လည်ကူးပြောင်းလိုသည်ဟု ပြောကြားထားသူဖြစ်သည်။
Next : မန်ယူအသင်းခေါင်းဆောင်ဟောင်းဗီဒစ် ကစားသမားဘ၀မှအနားယူ