စပါးကစားသမား တောင်းဆန့်ကို ပေါင် ၁၂ သန်းဖြင့် နယူးကာဆယ်ခေါ်ယူနိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နယူးကာဆယ်ဂျာစီနှင့်တွေ့ရသည့် တောင်းဆန့်

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်သည် စပါးကစားသမား တောင်းဆန့်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အသက် ၂၄ နှစ်အရွယ် ထိုကစားသမားမှာ နယူးကာဆယ်နှင့် ၅ နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းမှာ စပါးအတွက် ယခုရာသီတွင် ပရီးမီးယားလိဂ် ၃ ပွဲသာ လူစားဝင်ကစားခဲ့ရပြီး နိုဝင်ဘာလက ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း ကြံ့ခိုင်ရေးနည်းပြနှင့် အချင်းများပြီးနောက် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

တောင်းဆန့်မှာ စပါးအကယ်ဒမီတွင် အသက် ၈ နှစ်အရွယ်၌ စတင်တက်ရောက်ခဲ့သူဖြစ်သော်လည်း၂၀၁၃-၁၄ ဘောလုံးရာသီရောက်မှသာ အသင်းကြီးလူစာရင်းတွင် ပါဝင်လာခဲ့ပြီး ထိုအချိန်မတိုင်မီတွင် အငှားကစားသမားအဖြစ် အခြားအသင်းများသို့ ၉ ကြိမ်တိုင် သွားရောက်ကစားခဲ့သည်။

comments

error: Content is protected !!