လိုရီယန့်မှ အိုင်ဗရီကို့စ်နောက်ခံလူ ကိုနေးကို ဆန်းဒါးလန်းခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆန်းဒါးလန်းအ၀တ်လဲခန်းတွင်တွေ့ရသည့် ကိုနေး

ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့် ဆန်းဒါးလန်းသည် ပြင်သစ်ကလပ် လိုရီးယန့်မှ အိုင်ဗရီကို့စ်နောက်ခံလူ လာမိုင်းကိုနေးအား ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

ပြောင်းရွှေ့ကြေးထုတ်ပြန်ခြင်းမပြုသည့် ထိုကစားသမားသည် ဆန်းဒါးလန်းနှင့် ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ ယခုအပြောင်းအရွှေ့ကာလတွင် ဆန်းဒါးလန်းသို့ ၄ ဦးမြောက်ကစားသမားသစ်အဖြစ် ရောက်ရှိလာသူဖြစ်သည်။

ဂိုးသမား စတိဗ်ဟာပါး၊ တိုက်စစ်မှူး အန်ဒွိုင်းနှင့် နောက်ခံလူခရစ်ခ်ျဟော့ဖ်တို့ကိုခေါ်ယူထားသော ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်က ဇန်န၀ါရီ ၈ ရက်နေ့တွင် ကိုနေးအားခေါ်ယူမှု ပျက်ပြယ်သွားပြီဟု ပြောကြားခဲ့သော်လည်း ကျောနံပါတ် ၂၃ ၀တ်ဆင်မည့် ထိုကစားသမားအားခေါ်ယူမှုမှာ ယခုအချိန်တွင် အပြီးသတ်နိုင်ခဲ့ပြီဖြစ်သည်။

comments

error: Content is protected !!