တိုက်စစ်မှူးအဒီဘာယောကို ကာလတိုစာချုပ်ဖြင့် ပဲလေ့စ်ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
D-1
ခရစ္စတယ်ပဲလေ့စ်သို့ရောက်ရှိခဲ့သည့် တိုက်စစ်မှူးအဒီဘာယော(Twitter)

ပရီးမီးယားလိဂ်နှင့် ၅ လခန့်ကင်းကွာခဲ့သော တိုက်စစ်မှူးအဒီဘာယောကို ခရစ္စတယ်ပဲလေ့စ်အသင်းက လာမည့်ဘောလုံးရာသီကုန်ဆုံးချိန်အထိရှိနေမည့် ကနဦးကာလတိုစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် နံပါတ် ၂၅ ဂျာစီဝတ်ဆင်ကစား
ရမည်ဖြစ်ကြောင်းအတည်ပြုကြေညာခဲ့သည်။

လိဂ်ပွဲပေါင်း ၂၃၀ ကစားခဲ့ရာတွင် သွင်းဂိုး ၉၆ ဂိုးသွင်းယူထားနိုင်သည့် အဆိုပါတိုဂိုတိုက်စစ်မှူးသည် စပါးအသင်းနှင့်စာချုပ်ဖျက်သိမ်းခဲ့သည့် စက်တင်ဘာလမှစ၍ အသင်းလက်မဲ့ဖြစ်ခဲ့သူဖြစ်သည်။

ယင်းကာလမှစ၍ အဒီဘာယောမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်သည့် ကစားသမားဖြစ်ခဲ့သော်လည်း စပါးအသင်းနှင့်ချုပ်ဆိုခဲ့သည့် မူလစာချုပ်အရ တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀ ကို ဇွန်လအကုန်ထိ ဆက်လက်ခံစားခွင့်ရ
ရှိထားသူဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်က ယခုကဲ့သို့ခေါ်ယူခဲ့သဖြင့် စပါးဘက်မှ ပေါင် ၃၅၀၀၀ ၀န်းကျင် လျော့ကျခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူးအဒီဘာယောကို တရုတ်ကလပ်များနှင့် တူရကီ၊ ပင်လယ်ကွေ့အခြေစိုက်ကလပ်များက ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း အဆိုပါကစားသမားက ၎င်း၏မိသားစုမှာ လန်ဒန်တွင်နေထိုင်ရခြင်းကို ပျော်ရွှင်နေသဖြင့် ခရစ္စတယ်ပဲ
လေ့စ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Photo: ခရစ္စတယ်ပဲလေ့စ်သို့ရောက်ရှိခဲ့သည့် တိုက်စစ်မှူးအဒီဘာယော(Twitter)

comments

error: Content is protected !!