စတုတ်စီးတီးနောက်ခံလူ ရှောခရော့စ် ၁ လနားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စတာနှင့်ပွဲတွင် ဒဏ်ရာရခဲ့သည့် ရှောခရော့စ်

စတုတ်စီးတီးအသင်းခေါင်းဆောင် ရိုင်ယန်ရှောခရော့စ်သည် နောက်ကျောဒဏ်ရာကြောင့် လက်စတာနှင့်ပွဲတွင် လူစားလဲခဲ့ရပြီးနောက် ၁ လကြာအနားယူရတော့မည်ဟု သိရှိရသည်။

အသက် ၂၈ နှစ်အရွယ် ထိုကစားသားမှာ ပြီးခဲ့သည့်ရာသီကလည်း အလားတူဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ယခုရာသီအစောပိုင်းကလည်း ထိုဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အောက်တိုဘာလမှသာ ပြန်လည်ကစားနိုင်ခဲ့သည်။

“ဒဏ်ရာအခြေအနေက ခွဲစိတ်မှုခံယူစရာမလိုဘူးဆိုတော့ ကောင်းတယ်လို့ပဲ ပြောရမှာပါ။ ကံဆိုးတာကတော့ ကြွက်သားပျက်စီးသွားတယ်ဆိုတော့ ၃ ပတ်ကနေ ၄ ပတ်လောက်အထိ နားရပါလိမ့်မယ်” စတုတ်စီးတီးနည်းပြ မာ့ခ်ဟုခ်ျက ပြောကြားခဲ့သည်။

comments

error: Content is protected !!