တရုတ်ကလပ်သို့ ရာမီရက်စ်ပြောင်းရွှေ့ရန်နီးစပ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တရုတ်ကလပ်သို့ပြောင်းရွှေ့တော့မည့် ရာမီရက်စ်

ချဲလ်ဆီးကွင်းလယ်ကစားသမား ရာမီရက်စ်သည် တရုတ်ကလပ် ကျန်းစုဆန်နင်းသို့ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

အသက် ၂၈ နှစ်အရွယ် ထိုကစားသမားသည် ချဲလ်ဆီးတွင် ၆ နှစ်နီးပါးကစားခဲ့ပြီးနောက် တရုတ်စူပါလိဂ်ကလပ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ရောက်ရှိတော့မည်ဟု မျှော်လင့်ရသည်။

ရာမီရက်စ်သည် ၂၀၁၅ အောက်တိုဘာလက ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲသာ ပွဲထွက်ခွင့်ရရှိထားသည်။

ရာမီရက်စ်သည် ချဲလ်ဆီးကစားသမားအဖြစ် ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ဖလားတို့ ရရှိခဲ့သည်။

comments

error: Content is protected !!