လက်ရှိလူစာရင်းအရ တန်းပြန်တက်ရန် ခက်ခဲမည်ဟု နေပြည်တော်နည်းပြချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နေပြည်တော်နှင့် ဒဂုံအက်ဖ်စီတို့ ယှဉ်ပြိုင်နေစဉ်

အောင်သော်ဖြိုး။
ဇန်နဝါရီ ၂၅။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ တွင် MNL-2 သို့ တန်းဆင်းခဲ့ရသည့် နေပြည်တော်သည် လက်ရှိလူစာရင်းအရ မြန်မာနေရှင်နယ်လိဂ်သို့ ပြန်လည်တန်းတက်ရေး ခက်ခဲမည်ဟု နေပြည်တော်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဖုန်ဂန်ကို ၄-ဝ ဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

နေပြည်တော်အသင်းတွင် လူငယ်အသင်းမှ ကစားသမားများနှင့် ခြေစွမ်းအကျပိုင်းရောက်နေသည့် စီနီယာကစားသမားများသာရှိသည့်အတွက် တန်းတက်ရန် ရုန်းကန်ရမည်ဖြစ်ပြီး ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲများသည် အသင်းငယ်၊ အသင်းကြီးမရှိဘဲ ပြိုင်ဆိုင်မှုပြင်းထန်လာသည့်အတွက် တန်းပြန်တက်မည်ဟု သေချာပေါက်မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။

နေပြည်တော်အသင်းသည် မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ်(၂) အပြီးတွင် ရမှတ် ၆ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ပထမအကျော့အပြီး အသင်းရလဒ်ပေါ်မူတည်ကာ ကစားသမားခေါ်ယူမှုများကို ပြုလုပ်မည်ဟု နေပြည်တော်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကဆိုသည်။

MNL-2 ပွဲစဉ် ၂ အပြီးတွင် မနောမြေ၊ နေပြည်တော်၊ မောရဝတီ အသင်းတို့ ရမှတ် ၆မှတ်စီ ရရှိထားပြီး ဂိုးကွာခြားချက်အရ မနောမြေက ပထမ၊ နေပြည်တော်က ဒုတိယ၊ မောရဝတီက တတိယနေရာတွင်ရပ်တည်နေပြီး ငွေကြယ်ပွင့်လေးများနှင့် ဖုန်ဂန်တို့မှာ ရမှတ်မရရှိသေးဘဲ အဆင့် ၁၁နှင့် ၁၂ နေရာများတွင်ရပ်တည်နေသည်။

comments

error: Content is protected !!