ဘန်လေနှင့်ကစားမည့်ပွဲတွင် အာဆင်နယ်၌ ကိုကွီလင် ပြန်လည်ပါဝင်လာဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ကိုကွီလင်

အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင်မှာ ဒူးဒဏ်ရာမှာ အလျင်အမြန်ပြန်လည်သက်သာလာသဖြင့် ဘန်လေနှင့်ကစားမည့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိနေကြောင်း သိရှိရသည်။

ထို့အပြင် တိုက်စစ်မှူးဝဲလ်ကော့မှာလည်း ယခုတစ်ပတ်တွင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်မည်ဟု သိရှိရသဖြင့် နည်းပြအာစင်ဝင်းဂါးအတွက် အားတက်စရာဖြစ်လာခဲ့သည်။

ကိုကွီလင်မှာ ပြီးခဲ့သည့်သောကြာနေ့က လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး ယခုတစ်ပတ်တွင် ပြန်လည်ကစားနိုင်မည်ဟု ၀င်းဂါးက မျှော်လင့်နေသည်။

ထို့အပြင် အခြားကွင်းလယ်ကစားသမား ရိုဆစ်စကီးမှာလည်း ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည်အနားယူနေရရာမှ ပြန်လည်ကစားနိုင်တော့မည်ဟု သိရသည်။

comments

error: Content is protected !!