ဗန်ဟားလ်၏နည်းစနစ်များကို စီနီယာကစားသမားများ နှစ်သက်ခြင်းမရှိတော့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူနည်းပြဗန်ဟားလ်နှင့် လက်ထောက်နည်းပြ ရွိုင်ယန်ဂစ်

မန်ယူအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က နည်းပြဗန်ဟားလ်၏နည်းစနစ်များကို စီနီယာကစားသမားများက နှစ်သက်ခြင်းမရှိတော့ကြောင်း ပြောကြားခဲ့ပြီးနောက် ဗန်ဟားလ်၏ နည်းပြရာထူးမှ ယခင်ထက်ပိုမို၍ သေချာခြင်းမရှိတော့ကြောင်း သိရှိရသည်။

ဝုဒ်ဝက်ဒ်သည် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနှင့် ၅ မှတ်ကွာဟသွားခဲ့ရသည့် ဆောက်သမ်တန်အားအရေးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ကစားသမားများနှင့် တွေ့ဆုံစကားပြောခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗန်ဟားလ်၏နည်းစနစ်များကို ကစားသမားများက နှစ်သက်ခြင်းမရှိတော့ခြင်းနှင့် ရွိုင်ယန်ဂစ်ကို ရာသီကုန်အထိ တာဝန်ပေးရန်စဉ်းစားနေကြသည်ဟု ၀ုဒ်ဝက်ဒ်က ထုတ်ဖော်ဖွင့်ဟခဲ့သည်ဟု သိရသည်။

မန်ယူနည်းပြရာထူးအား ရယူလိုသည်ဟု မော်ရင်ညိုက ပြောကြားထားသော်လည်း ရွိုင်ယန်ဂစ်မှာ မန်ယူနည်းပြလောင်းစာရင်း၌ နံပါတ် ၁ ဦးစားပေးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ဗန်ဟားလ်မှာမူ ကစားသမားအများစု၏ ထောက်ခံမှု ဆုံးရှုံးခဲ့ပြီး ဆောက်သမ်တန်ကိုအရေးနိမ့်သည့်ပွဲစဉ် ပထမပိုင်းရပ်နားချိန်နှင့် ပွဲပြီးချိန်များတွင် ပရိသတ်များ၏ အော်ဟစ်လှောင်ပြောင်မှုခံခဲ့ရသည်။

ဗန်ဟားလ်မှာ အသင်းခြေစွမ်းဆိုးရွားစွာကျဆင်းမှုကြောင့် ရာထူးမသေချာတော့သည်ကို လက်ခံထားသော်လည်း သောကြာနေ့တွင် ဒါဘီကောင်တီနှင့်ကစားမည့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို ဆက်လက်ကိုင်တွယ်ရမည်ဟု မျှော်လင့်နေသည်။

comments

error: Content is protected !!