မြန်မာသို့ ကစားသမားတရားမ၀င်ပြောင်းရွှေ့မှုအတွက် ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ ၃ ဦး ရာထူးရပ်ဆိုင်းခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
Horizon FCတွင် လက်ရှိကစားနေသည့် ပန်ဒီဘိုလင်ဘို

ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်တစ်ခုသို့ ကစားသမားတရားမ၀င်ပြောင်းရွှေ့မှုအတွက် တာဝန်ရှိသူ ၃ ဦးကို ရာထူးမှရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် အာမက်ဟူစိန်က ရှင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ထိုတာဝန်ရှိသူများမှာ ဂျိုးဆက်ပန်ဒီဘိုလင်ဘို၏ အပြောင်းအရွှေ့တွင် မရိုးသားသည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

“ယူဂန်ဒါဘောလုံးအဖွဲ့ချုပ် ကျင့်ဝတ်ဆိုင်ရာကော်မတီဟာ SC Vipers ကစားသမားရဲ့အပြောင်းအရွှေ့မှာပါဝင်တဲ့ တာဝန်ရှိသူ ၃ ဦးကို ဘောလုံးကိစ္စရပ်များနဲ့ ရက် ၉၀ မပတ်သက်ဖို့ ပြစ်ဒဏ်ချမှတ်ထားပါတယ်”ဟု ထိုပုဂ္ဂိုလ်က ဆိုသည်။

တိုက်စစ်အသားပေးကွင်းလယ်လူ ဘိုလင်ဘိုသည် ၂၀၁၄ အာဖရိကနိုင်ငံများချန်ပီယံရှစ်တွင် နိုင်ငံလက်ရွေးစင်အဖြစ်ပါဝင်ခဲ့ပြီး ယခုလအအစောပိုင်းက မြန်မာနေရှင်နယ်လိဂ်ကလပ် Horizon FC သို့ ပြောင်းရွှေ့ခဲ့သည်။

အာမက်ဟူစိန်က ဖြည့်စွက်ပြောကြားရာတွင် တာဝန်ရှိသူ ၃ ဦးအား စစ်ဆေးမှုများစတင်ပြုလုပ်နေပြီဖြစ်ပြီး ထိုဖြစ်ရပ်အတွက် ဖီဖာအား အကြောင်းကြားထားသည်ဟု ပြောကြားခဲ့သည်။

SC Vipers မှာ ယူဂန်ဒါ အမှတ်ပေးပြိုင်ပွဲ ၂၀၁၄-၁၅ ရာသီချန်ပီယံဖြစ်ပြီး ၂၀၁၆ အာဖရိကချန်ပီယံလိဂ်တွင် ယူဂန်ဒါကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

comments

error: Content is protected !!