ဟံသာဝတီနဲ့ ချင်းယူနိုက်တက်တို့ အံ့သြဖွယ်နိုင်ပွဲရခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ အနှစ်ချုပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
m-1
Photo: ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားနေပုံ (MFF)

အောင်သော်ဖြိုး

ရှမ်းယူနိုက်တက် ၁-၁ ရန်ကုန်ယူနိုက်တက်
=======================
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ ၏ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်ဖြစ်သည့် ရှမ်းယူနိုက်တက် အိမ်ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း သွားရောက်ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်၌ ရန်ကုန်အသင်းက ၆၅ မိနစ်တွင်
ကျော်ကိုကို၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးကာနီး ၈၇ မိနစ်တွင် ရှမ်းယူနိုက်တက်အတွက် စိုင်းမင်းထွန်းက ချေပဂိုးသွင်းယူပြီး ၁-၁ ရလဒ်ဖြင့် ပွဲပြီးဆုံးကာ လက်ရှိချန်ပီယံ ရန်ကုန်အသင်း ၂၀၁၆ ဘောလုံးရာ
သီအတွက် ပထမဆုံးအမှတ် ရရှိခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစဉ် ၃အပြီး အဆင့် ၁ဝ တွင် ရပ်တည်နေပြီး ရှမ်းယူနိုက်တက်က ရမှတ် ၅ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။

ဟော်ရီဇွန် ၁-၅ ရတနာပုံ
================
ရတနာပုံအသင်းနှင့် ဟော်ရီဇွန်အသင်းတို့ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ရတနာပုံအသင်းက ကိဒ်၊ အောင်သူ၊ ရဲကိုဦး၊ နန္ဒလင်းကျော်ချစ်တို့၏သွင်းဂိုးများဖြင့် ဟော်ရီဇွန်အသင်းကို အနိုင်ရခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၃)
အပြီး အဆင့် ၁ နေရာတွင် ရပ်တည်ကာ ဟော်ရီဇွန်အသင်းက ရမှတ် ၃ မှတ်ဖြင့် အဆင့် ၉ နေရာတွင်ရပ်တည်နေသည်။

မကွေး ၁-၂ ချင်းယူနိုက်တက်
=================
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ တွင် ရတနာပုံအသင်းနှင့် ပွဲစဉ်၌ သရေ ၁ မှတ်ရရှိအောင် စွမ်းဆောင်ထားနိုင်သည့် ချင်းယူနိုက်တက်အသင်းသည် ၂ ပွဲကစား၊ ၂ ပွဲနိုင်ထားသည့် မကွေးအသင်း နှင့် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင်
ယှဉ်ပြိုင်ခဲ့ရာ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ် ၃ အပြီး အဆင့် ၈ နေရာတွင် ရပ်တည်နိုင်ခဲ့ကာ မကွေးအသင်းက ရမှတ် ၆ မှတ်ဖြင့် အဆင့် ၅ နေရာတွင်ရပ်တည်လျက်ရှိသည်။

ဧရာဝတီ ၁-၄ ဟံသာဝတီ
==============
၂၀၁၆ ဘောလုံးရာသီတွင် အသင်းကြီးများနှင့် ဆက်တိုက်တွေ့ဆုံခဲ့သည့် ဟံသာဝတီအသင်းသည် ရှမ်းယူနိုက်တက်နှင့် သရေ၊ ရန်ကုန်အသင်းကို အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ဧရာဝတီအသင်း နှင့် ပုသိမ်မြို့ေ
ကျာက်တိုင်ကွင်းတွင် တွေ့ဆုံခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ တွင် ဘမ်ဘာ၊မောင်မောင်လွင်၊ အိုင်ဗန် တို့၏ သွင်းဂိုးများဖြင့် ၄-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။
ဟံသာဝတီအသင်းသည် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင် ရပ်တည်နေခဲ့ပြီး ဧရာဝတီအသင်းက အဆင့် ၁၁ နေရာတွင် ရပ်တည်နေခဲ့သည်။

ရခိုင်ယူနိုက်တက် ၁-၂ ဇွဲကပင်ယူနိုက်တက်
=======================
ရခိုင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ အဖြစ် ဇွဲကပင်အသင်း နှင့် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့ပြီး ဇွဲကပင်အသင်းမှ အောင်မိုး၏ နောက်ကျဂိုးဖြင့် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ၏ ပထ
မဆုံး ရှုံးပွဲကြုံတွေ့ခဲ့သည်။ ရခိုင်ယူနိုက်တက်က ပွဲစဉ် ၃ အပြီး ရမှတ် ၄မှတ်ဖြင့် အဆင့် ၇၊ ဇွဲကပင်အသင်းမှာ ရမှတ် ၆မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်ခဲ့သည်။

ဆောက်သမ်းမြန်မာ ၀-၂ ဇေယျာရွှေမြေ
===================
့မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ အပြီး ရမှတ်မရရှိသေးသည့် ဆောက်သမ်းမြန်မာအသင်း နှင့် ၄မှတ် ရရှိထားသော ဇေယျာရွှေမြေအသင်းတို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ပြီး ဇေယျာရွှေမြေအသင်းက တိုက်စစ်မှူးဗစ်တာ၏ သွင်
းဂိုးများကြောင့် ၂-ဝ ရလဒ်ဖြင့်အနိုင်ရခဲ့သည်။ ဆောက်သမ်းမြန်မာအသင်းသည် ပွဲစဉ် ၃ အပြီး ဇယားအောက်ဆုံး အဆင့် ၁၂ နေရာတွင်ရပ်တည်နေပြီး ဇေယျာရွှေမြေအသင်းက အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။

comments

error: Content is protected !!