ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုန်းဘိုတန် ကာလရှည်နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကာလရှည်အနားယူရမည့် နောက်ခံလူဂျရုန်းဘိုတန်

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုန်းဘိုတန်မှာ သောကြာနေ့က ကစားခဲ့သည့် ဟမ်းဘတ်နှင့်ပွဲစဉ်တွင် ဒူးခေါင်းဒဏ်ရာရရှိခဲ့သောကြောင့် ကာလရှည်အနားယူရမည်ဟု ဘိုင်ယန်မြူးနစ်က ကြေညာခဲ့သည်။

ဓာတ်မှန်ရိုက်စစ်ဆေးမှုများအရ ဘိုတန်မှာ ဘယ်ဘက်ဒူးခေါင်းကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါတွင် ဖျက်ထုတ်မှုစုစုပေါင်း ၇၂ ရာခိုင်နှုန်းအောင်မြင်မှုရှိထားသည့် ထိုကစားသမားမပါဝင်နိုင်မည့်ပွဲများအတွက် ဘိုင်ယန်မြူးနစ်နောက်တန်းမှာ အင်အားလျော့နည်းသွားဖွယ်ရှိနေသည်။

ဂျာမန်သတင်းစာ Bild က ဖော်ပြချက်အရ ဘိုတန်မှာ ရာသီကုန်အထိအနားယူရမည်ဟု သိရှိရ၍ ရီဘာရီ၊ ဂေါ့ဇီ၊ ဘီနာတီယာ၊ ယူရစ်ခ်ျနျင့် ဘားနတ်တို့ ကာလရှည်အနားယူနေရသည့် ဘိုင်ယန်မြူးနစ်အတွက် နည်းပြဖြစ်သူ ဂွါဒီယိုလာမျှော်မှန်းနေသော ဖလား ၃ လုံးအိပ်မက်အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

comments

error: Content is protected !!