အနာဂတ်ကို ယာယာတိုရေးတွေးနေမည်မဟုတ်ဟု ပယ်လီဂရီနီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
new-1
မန်စီးတီးအတွက် ဂိုးသွင်းယူရန်ကြိုးပမ်းနေသည့် ယာယာတိုရေး

မန်စီးတီးနည်းပြပယ်လီဂရီနီက ကွင်းလယ်လူယာယာတိုရေးမှာ အသင်းအပေါ်အာရုံစူးစိုက်ထားသူဖြစ်ပြီး ယခုအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရန် တွေးနေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယာယာတိုရေး၏ အေးဂျင့်ဖြစ်သူက ယခုတစ်ပတ်တွင် ၎င်း၏ကစားသမားနှင့်ပတ်သက်၍ အခြားအသင်းများ၏ ကမ်းလှမ်းမှုကို နားစွင့်နေသည်ဟု ဆိုခဲ့သဖြင့် နည်းပြပယ်လီဂရီနီက အဆိုပါအိုင်ဗရီကို့စ်ကစားသမားမှာ အနာဂတ်ကိုေ
တွးနေမည်မဟုတ်ကြောင်းနှင့် လက်ရှိကိုသာ စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

အသက် ၃၂ နှစ်ရှိအဆိုပါကွင်းလယ်လူနှင့်ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”အခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် သူအပြည့်အ၀အာရုံစိုက်နေပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး သူတွေးနေမှာမဟုတ်ပါဘူး။ ယာယာတိုရေးဘာ
တွေးနေမလဲဆိုတာ ကျွန်တော်ခန့်မှန်းမိပါတယ်။ အသင်းမှာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ဖို့နဲ့ လာမယ့်နှစ်တွေမှာ ဆက်ကစားနိုင်ဖို့ သူတွေးနေမှာပါ” ဟု ပြောကြားခဲ့သည်။

မန်စီးတီးမှာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အာဆင်နယ်၊ လက်စတာတို့နှင့် ၁ မှတ်အကွာ တတိယနေရာ၌ရပ်တည်နေပြီး ယနေ့ညနောက်ဆုံးပွဲစဉ်အဖြစ် ၀က်စ်ဟမ်းအိမ်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!