မန်ယူကစားသမားအက်ရှ်လေယန်း ခွဲစိတ်မှုခံယူရမည်ဖြစ်ပြီး ကာလရှည်နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးနှင့်ပွဲတွင် ဒဏ်ရာရခဲ့သည့် အက်ရှ်လေယန်း

မန်ယူနှင့် အင်္ဂလန်တောင်ပံကစားသမား အက်ရှ်လေယန်းသည် ပြင်းထန်သည့် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရမည်ဖြစ်ကြောင်း နည်းပြဗန်ဟားလ်က အတည်ပြုလိုက်သည်။

အသက် ၃၀ အရွယ် ထိုကစားသမားသည် ခွဲစိတ်မှုခံယူရန်လိုအပ်နေပြီး ယခုဒဏ်ရာအား ပြီးခဲ့သည့် တနင်္ဂနွေနေ့က လီဗာပူးကိုအနိုင်ရခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

ယခုရာသီတွင် ၂၃ ပွဲကစားထားသည့် အက်ရှ်လေယန်းအနားယူရတော့မည်ဖြစ်သောကြောင့် တောင်ပံနေရာအတွက် ဒဏ်ရာရကစားသမားများပြားနေသည့် မန်ယူသို့ ကစားသမားသစ်များခေါ်ယူရန် လေ့လာနေပြီဟု ဗန်ဟားလ်က ဖြည့်စွက်ပြောကြားခဲ့သည်။

လတ်တလော မန်ယူအသင်း တောင်ပံနေရာများမှ ကစားသမားများဖြစ်သည့် လုခ်ရှော၊ ရိုဟို၊ ဗလင်စီယာတို့မှာ အသင်းအတွက်ကစားပေးနိုင်ခြင်းမရှိဘဲ ဒဏ်ရာများကြောင့် အနားယူနေရသည်။

comments

error: Content is protected !!