ကိုပင်ဟေဂင်နောက်ခံလူအမာတီကို လက်စတာခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စတာဂျာစီနှင့်တွေ့ရသည့် အမာတီ

လက်စတာအသင်းသည် ယခုအပြောင်းအရွှေ့ကာလတွင် ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ကိုပင်ဟေဂင်နောက်ခံလူအမာတီကို မဖော်ပြသောပြောင်းရွှေ့ကြေးဖြင့် ၄ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ကြောင်းသိရသည်။

အသက် ၂၁ နှစ်ရှိအဆိုပါ ဂါနာလက်ရွေးစင်နောက်ခံလူသည် ကွင်းလယ်ကစားသမားအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး သတင်းဌာနများ၏အဆိုအရ လက်စတာဘက်မှ ပေါင် ၆ သန်းဝန်းကျင်ပေးချေခဲ့ရဖွယ်ရှိကြောင်း သိရသည်။

အမာတီ၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ ကိုပင်ဟေဂင်နည်းပြဆိုလ်ဘက်ကန်က ”အမာတီဟာ ကျွန်တော်တို့အသင်းရဲ့ အဓိကကစားသမားတစ်ဦးပါ။ ပရီးမီးယားလိဂ်ရဲ့ အသင်းတစ်သင်းသင်းမှာ ကစားချင်ခဲ့တဲ့ သူ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ အမာတီကို ခေါ်ယူဖို့ လက်စတာဘက်က အချိန်အကြာကြီးစောင့်ကြည့်ခဲ့ကြတာပါ” ဟု ပြောကြားခဲ့သည်။

ယခုအပြောင်းအရွှေ့ကာလတွင် လက်စတာအသင်းမှာ ဘာမင်ဂမ်တောာင်ပံကစားသမား ဒီမာရီယာဂရေးကို ပေါင် ၃.၇ သန်းဖြင့် ပထမဆုံးခေါ်ယူမှုပြုလုပ်ခဲ့ပြီး တိုက်စစ်မှူးကရာမာရစ်ကို ဘွန်ဒက်စ်လီဂါကလပ်ဟော့ဖန်ဟိမ်းသို့ ယခုနှစ်ကုန်အထိ အငှားချထားကြောင်း သိရသည်။

comments

error: Content is protected !!