တိုင်ဆီရာကိုခေါ်ယူရန် ချဲလ်ဆီးနှင့်အပြိုင် လီဗာပူးကြိုးပမ်းနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးနှင့် လီဗာပူးတို့၏စိတ်ဝင်စားမှုခံနေရသော တိုင်ဆီရာ

လီဗာပူးနည်းပြယာဂင်ကလော့ပ်မှာ ယခုအပြောင်းအရွှေ့ကာလတွင် ပထမဆုံး အဓိက ကစားသမားတစ်ဦးခေါ်ယူစာချုပ်နိုင်ရန် ရှက်တာဒိုးနက်တိုက်စစ်မှူးတိုင်ဆီရာကို ချဉ်းကပ်နေကြောင်း သိရသည်။

အသက် ၂၆ နှစ်ရှိ လက်ရှိပြောင်းရွှေ့ကြေးဈေးခေါ်မှု ပေါင် ၃၉ သန်းဝန်းကျင်ရှိသည့် အဆိုပါတိုက်စစ်မှူးကို လီဗာပူးက ပေါင် ၂၄.၅ သန်းပေးချေခေါ်ယူမည်ဟု သတင်းထွက်ပေါ်နေပြီး ချဲလ်ဆီးကလည်း ကမ်းလှမ်းထားခဲ့ဖူးကြောင်း သိရသည်။

လက်ရှိလီဗာပူးတိုက်စစ်တွင် ဒန်နီအင့်စ်၊ အိုရီဂီနှင့် စတာရစ်ခ်ျတို့ ဒဏ်ရာရရှိနေပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ ကာလ၌ ပေါင် ၃၂.၅ သန်းဖြင့်ခေါ်ယူထားသော တိုက်စစ်မှူးဘန်တီကီသည်လည်း စိတ်ချရသည့်အခြေအနေတွင်မရှိသဖြင့် နည်းပြကလော့ပ်က တိုင်ဆီရာကို ခေါ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

တိုင်ဆီရာသည် ယခုနှစ်ဘောလုံးရာသီတွင် လိဂ်ပွဲပေါင်း ၁၅ ပွဲကစားခဲ့ရာတွင် ၂၂ ဂိုးသွင်းယူထားသည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၀ ပွဲတွင် ၄ ဂိုးသွင်းယူပေးထားနိုင်သဖြင့် အပြောင်းအရွှေ့တန်ဖိုးမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။

comments

error: Content is protected !!