လက်စတာနှင့်ပွဲတွင် တောင်ပံကစားသမားရှာကီရီ ပြန်လည်ပါဝင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စတာနှင့်ပွဲတွင် ပြန်ကစားနိုင်မည့် ရှာကီရီ

စတုတ်စီးတီးတောင်ပံကစားသမားရှာကီရီမှာ ယမန်နေ့ကပြုလုပ်ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားနိုင်ခဲ့သဖြင့် နည်းပြမာ့ခ်ဟုခ်ျက လက်စတာနှင့်ကစားမည့်ပွဲ၌ ပြန်လည်ထည့်သွင်းရန် ပြင်ဆင်ထားကြောင်းသိရသည်။

အဆိုပါဆွစ်ဇာလန်တိုက်စစ်မှူးသည် တံကောက်ကြောဒဏ်ရာကြောင့် စတုတ်စီးတီး၏ ပွဲစဉ်များကိုလွဲချော်ခဲ့ရပြီးနောက် လာမည့်အရေးကြီးပွဲစဉ်များတွင် ပြန်လည်ကစားနိုင်မည်ဖြစ်သဖြင့် နည်းပြမာ့ခ်ဟုခ်ျအတွက် အားတက်စရာဖြစ်လာခဲ့သည်။

စတုတ်စီးတီးသည် ယခုတစ်ပတ်တွင် လက်စတာနှင့်ယှဉ်ပြိုင်ရမည့်ပရီးမီးယားလိဂ်ပွဲစဉ်အပါအ၀င် ၃ ရက်အလွန်၌ လီဗာပူးနှင့် ကက်ပီတယ်ဝမ်းဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ယှဉ်ပြိုင်ရမည်ဖြစ်ကာ အက်ဖ်အေဖလားပြိုင်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ် မန်ယူအသင်းတို့နှင့် လာမည့်စနေ၊ အင်္ဂါနေ့များတွင် ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆက်စပ်သတင်းများအရ ယခုတစ်ပတ်ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်သော တိုက်စစ်မှူးအာနူတိုဗစ်နှင့် ကွင်းလယ်ကစားသမား ဂျီအော့ဖ်တို့မှာ လာမည့်ရက်သတ္တပတ်အတွင်း ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။

comments

error: Content is protected !!