လူငယ်​ပြိုင်​ပွဲများအတွက်​ ​ဘောလုံးကွင်း ၂ကွင်း MFF တောင်းဆိုထား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
1
MNL Youth U-18 ပြိုင်ပွဲတွင်ပါဝင်ကစားမည့်ကစားသမားများ အသက်မှန်ကန်မှုရှိမရှိ စစ်ဆေးမှုခံယူနေစဉ်

ဇန်​နဝါရီ ၂၂။
အောင်​​သော်​ဖြိုး။

မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​မှ ကျင်းပ​နေသည့်​ လူငယ်ပြိုင်​ပွဲများနှင့်​ အ​ပျော်​တမ်းလိဂ်ပြိုင်​ပွဲများ ကျင်းပနိုင်​​ရေးအတွက်​ ​​​​​​ကျိုက္ကဆံကွင်း နှင့်​ ပ​ဒေသာကွင်း အသုံးပြုခွင့်​ကို အားကစားဝန်​ကြီးဌာနမှ ​တောင်းဆိုထား​ကြောင်း မြန်​မာနိုင်​ငံ
ဘောလုံးအဖွဲ့ချုပ်​ တာဝန်ရှိသူတစ်​ဦးကဆိုသည်​။

အဆိုပါတာဝန်ရှိသူက ”အဆင်​​ပြေဖို့များပါတယ်​။ ကျင်းပ​နေတဲ့ပြိုင်​ပွဲနဲ့ ရှိတဲ့ကွင်းအ​ရေအတွက်​မမျှတလို့ ​တောင်းဆိုရတာပါ” ဟု ပြောကြားခဲ့သည်။

မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​က မြန်​မာ​နေရှင်​နယ်​လိဂ်​၊ မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂၊ မြန်​မာ​နေရှင်​နယ်​လိဂ်​ ယူ-၂၀ ပြိုင်​ပွဲ၊ မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂ ယူ-၁၈ ပြိုင်​ပွဲများကို ၂၀၁၆ ခုနှစ်​အတွင်း ကျင်းပရန်​စီစဉ်​ထားပြီး မကြာမီအ​ပျော်​တမ်းလိဂ်
ကိုလည်း ကျင်းပရန်​ စီစဉ်​ထားသည်​။

မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​က သုဝဏ္ဏ၊ ​အောင်​ဆန်း၊ ပဒုမ္မာ၊ စလင်းကွင်းများတွင်​ ပြိုင်​ပွဲများကို ကျင်းပ​နေပြီး အိမ်​ကွင်းများရှိသည့်​ ရန်​ကုန်​ယူနိုက်​တက်​၊ ရတနာပုံ၊ ဧရာဝတီ၊ က​မ္ဘောဇ၊ ​ဇေယျာ​ရွှေ​​မြေကွင်းများတွင်​ အ​ဝေးကွင်းပွဲစဉ်​များ
ကိုလက်​ခံကျင်းပ​နေသည်​။

မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂၀၁၆ ရာသီဝက်​တွင်​ ဟံသာဝတီ၊ ဆောက်​သမ်းမြန်​မာအသင်းတို့မှာ အိမ်​ကွင်းလက်​ခံကျင်းပနိုင်​ရေး စီစဉ်​​နေ​ကြောင်း သိရသည်​။

comments

error: Content is protected !!