အခွန်တိမ်းရှောင်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံရမှုကို မာရှေယာနိုရှောင်လွှဲနိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တရားရုံးမှပြန်လည်ထွက်ခွာလာသော မာရှေယာနို

ဘာစီလိုနာနှင့် အာဂျင်တီးနားကစားသမား မာရှေယာနိုသည် ယူရို ၁.၅ သန်းအတွက် အခွန်မဆောင်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်နှင့် ယူရို ၈၁၆၀၀၀ ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထိုပြစ်ဒဏ်အား ယမန်နေ့ကချမှတ်ခဲ့ခြင်းဖြစ်ပြီး မာရှေယာနို၏ရှေ့နေများက ဆိုင်းငံ့ထောင်ဒဏ်နှင့် ဒဏ်ငွေချမှတ်ရန် အသနားခံခဲ့သည်ကို အစိုးရရှေ့နေများက ဒီဇင်ဘာလတွင် သဘောတူခဲ့ခြင်းဖြစ်သည်။

စပိန်ဥပဒေအရ ၂ နှစ်အောက်ထောင်ဒဏ်များတွင် ပြစ်မှုကျူးလွန်သူမှာ ရာဇ၀တ်မှတ်တမ်းမရှိပါက ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ပြောင်းလဲပိုင်ခွင့်ရှိသည်။

comments

error: Content is protected !!