အင်တာနှင့်လမ်းခွဲခဲ့သည့် ဗီဒစ်ကိုခေါ်ယူရန် ဗီလာဆွေးနွေးနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန်ခြေချဖွယ်ရှိနေသော ဗီဒစ်

ယခုသီတင်းပတ်အစောပိုင်းတွင် အင်တာမီလန်နှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့သည့် မန်ယူနောက်ခံလူဟောင်းဗီဒစ်မှာ ဗီလာအသင်းသို့ ပြောင်းရွှေ့ရန်ဆွေးနွေးလျက်ရှိကြောင်းသိရသည်။

အသက် ၃၄ နှစ်ရှိ အဆိုပါမန်ယူအသင်းခေါင်းဆောင်ဟောင်းကို မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီနှင့် တရုတ်အခြေစိုက်ကလပ်များက ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်း ကစားသမားဘက်မှ ပရီးမီးယားလိဂ်သို့ ပြန်လည်ခြေချလိုသဖြင့် ဗီလာနှင့် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဗီဒစ်မှာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် မန်ယူမှ အင်တာမီလန်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ၂၈ ပွဲသာပါဝင်ကစားနိုင်ခဲ့ပြီး ၁ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ဗီလာအသင်းသည် ဘော်ဒိုးဗဟိုခံစစ်မှူးဆာနီကိုခေါ်ယူရန်ကြိုးပမ်းနေသော်လည်း အဆိုပါကစားသမားမှာ ဆွမ်ဆီးသို့ ရောက်ရှိရန်နီးစပ်နေသဖြင့် ဗီဒစ်ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။

comments

error: Content is protected !!