စတန်းဒက်လိုင်ဂီသို့ အငှားဖြင့် ဗဲလ်ဒက်စ်ပြောင်းရွှေ့ရန် နီးစပ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘယ်လ်ဂျီယံသို့ပြောင်းရွှေ့ဖွယ်ရှိနေသော ဗဲလ်ဒက်စ်

မန်ယူတွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသော ဂိုးသမားဗဲလ်ဒက်စ်မှာ ဘယ်လ်ဂျီယံကလပ် စတန်းဒက်လိုင်ဂီသို့ ယခုဘောလုံးရာသီကုန်ဆုံးချိန်အထိရှိနေမည့် အငှားစာချုပ်ဖြင့်ရောက်ရှိရန် နီးစပ်နေကြောင်း သိရသည်။

ဗဲလ်ဒက်စ်သည် မန်ယူနည်းပြဗန်ဟားလ်နှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိသဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ၂ ပွဲသာပါဝင်ကစားခဲ့ရပြီး အသင်းဖော်များနှင့်လည်း လေ့ကျင့်ခန်းအတူဆင်းခွင့် ပိတ်ပင်ခံခဲ့ရသောကြောင့် မန်ယူမှထွက်ခွာရန်ဆန္ဒရှိနေသူဖြစ်သည်။

ဗဲလ်ဒက်စ်နှင့် မန်ယူအသင်းချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ယခုနွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး အစောပိုင်းက နယူးကာဆယ်၏ ကမ်းလှမ်းမှုရရှိခဲ့သော်လည်း နည်းပြဗန်ဟားလ်မှ ပရီးမီးယားလိဂ်အသင်းများသို့ ပြောင်းရွှေ့ရန် ခွင့်မပြုလိုဘဲ ပြင်ပလိဂ်များသို့သာ ထွက်ခွာစေလို၍ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။

အဆိုပါစပိန်ဂိုးသမားမှာ မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် စတန်းဒက်လိုင်ဂီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိနိုင်မည်ဖြစ်သော်လည်း မန်ယူနှင့်စတန်းဒက်လိုင်ဂီ သဘောတူညီမှုရရှိခဲ့ပါက ယခုအပြောင်းအရွှေ့တွင် အငှားဖြင့်ရောက်ရှိနိုင်ဖွယ်ရှိနေသည်။

comments

error: Content is protected !!