အဲဗာတန်သို့ပြောင်းရွှေ့ရန်နီးစပ်ခဲ့သည့် ဆမ်ဘိုင်ရမ်ကို ၀က်စ်ဟမ်းခေါ်ယူနိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အဲဗာတန်သို့ရောက်ရှိလုနီးဖြစ်ပြီးမှ ၀က်စ်ဟမ်းသို့ရောက်ရှိခဲ့သူ ဆမ်ဘိုင်ရမ်

ချန်ပီယံရှစ်ကလပ်လိဒ်အသင်း ညာနောက်ခံလူဆမ်ဘိုင်ရမ်မှာ အစောပိုင်းကာလက အဲဗာတန်သို့ ပေါင် ၄ သန်းဖြင့် ပြောင်းရွှေ့လုနီးဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ၀က်စ်ဟမ်းက မဖော်ပြသောပြောင်းရွှေ့ကြေးဖြင့် ၄ နှစ်ခွဲစာချုပ်ချုပ်ဆို၍ ခေါ်ယူလိုက်ကြောင်းသိရသည်။

ဝက်စ်ဟမ်းသို့ရောက်ရှိမှုနှင့်ပတ်သက်၍ အဆိုပါကစားသမားက ”အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ခွင့်ရလို့ မယုံကြည်နိုင်လောက်အောင် ၀မ်းသာဂုဏ်ယူမိပါတယ်။ လာမယ့်အနာဂတ်မှာ အကောင်းဆုံးကြိုးစားပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေရရှိမယ်လို့ ယုံကြည်ထားပါတယ်။ ၀က်စ်ဟမ်းနည်းပြဘီလစ်နဲ့ တွေ့ဆုံခဲ့ပြီး ကျွန်တော့်ကို ၀က်စ်ဟမ်းမှာ လာကစားစေချင်တယ်လို့ပြောခဲ့ပါတယ်။ အသင်းအပေါ် သူ့ရဲ့လုပ်ဆောင်ချက်တွေက မယုံကြည်နိုင်လောက်အောင် ကောင်းမွန်နေတယ်လို့ ကျွန်တော်ထင်တယ်။ နည်းပြဘီလစ်အပါအ၀င် လက်ထောက်တွေနဲ့အတူ ကျွန်တော်အလုပ်ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်ရှိအဆိုပါနောက်ခံလူသည် လိဒ်အကယ်ဒမီမှ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာခဲ့ကာ ပွဲပေါင်း ၁၄၃ ပွဲပါဝင်ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

comments

error: Content is protected !!