ပရီးမီးယားလိဂ်အမြန်ဆုံးကစားသမားစာရင်းတွင် မာရှယ်နှင့်ဗာဒီ စံချိန်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နယူးကာဆယ်နှင့်ပွဲတွင် အမြန်နှုန်းစံချိန်တင်ခဲ့သည့် မာရှယ်

မန်ယူတိုက်စစ်မှူးမာရှယ်နှင့် လက်စတာတိုက်စစ်မှူးဗာဒီတို့သည် ၁ နာရီလျှင် ၂၂ မိုင် (၅ စက္ကန့်ကျော်တွင် ၃၅.၄ ကီလိုမီတာ)နှုန်း ပြေးနိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်အမြန်ဆုံးကစားသမားဖြစ်လာခဲ့ကြောင်းသိရသည်။

EA Sports မှ ကစားသမားများ၏စွမ်းဆောင်ရည်စာရင်းအရ လက်စတာတိုက်စစ်မှူးဗာဒီမှာ သြဂုတ်လက ယှဉ်ပြိုင်ခဲ့သည့် ၀က်စ်ဟမ်းကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် အဆိုပါစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်း၏ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးမာရှယ်မှာ ပြီးခဲ့သည့်တစ်ပတ်က စိန့်ဂျိမ်းစ်ပတ်ခ်တွင် ယှဉ်ပြိုင်ခဲ့သော ၃-၃ သရေကျခဲ့သည့် နယူးကာဆယ်နှင့်ပွဲ၌ အမြန်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း EA Sports ကရေးသားဖော်ပြခဲ့သည်။

comments

error: Content is protected !!