ဖိအားများလွန်း၍ ယခုရာသီအကုန်တွင် မန်ယူမှထွက်ခွာရန် ဗန်ဟားလ်စဉ်းစားနေဟု Mirror သတင်းဌာနဖော်ပြ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူမှ ၁ နှစ်စောကာ ထွက်ခွာဖွယ်ရှိနေသည့် ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားလ်သည် ၎င်း၏စာချုပ်သက်တမ်းမကုန်ဆုံးမီ ၁ နှစ်အလို ယခုနွေရာသီတွင် မန်ယူမှထွက်ခွာရန် စဉ်းစားလျက်ရှိကြောင်း Mirror သတင်းဌာနက ဖော်ပြခဲ့သည်။

ဗန်ဟားလ်မှာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိမည်ဖြစ်သော်လည်း လက်ရှိရာထူး၏ဖိအားများကြောင့် စောစီးစွာထွက်ခွာရန် စဉ်းစားနေခြင်းဖြစ်သည်။

ဟော်လန်သတင်းရင်းမြစ်များအရ ထိုနည်းပြ၏မိသားစုဝင်များမှာ အိုးထရက်ဖို့ဒ်တွင် ဗန်ဟားလ်ရင်ဆိုင်နေရသည့် ဖိအားများကြောင့် စိုးရိမ်ပူပန်မှုများမြင့်တက်လာနေပြီး အသက် ၆၄ နှစ်အရွယ် ထိုပုဂ္ဂိုလ်ကို အနားယူရန်တိုက်တွန်းနေဖွယ်ရှိသည်ဟု ဆိုသည်။

ဗန်ဟားလ်ကိုယ်တိုင်မှာလည်း ယမန်နှစ်က ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ချိန်တွင် မိမိမှာ ထုတ်ပယ်ခံမည့်နည်းပြမဟုတ်ဟု ပြောကြားထားသဖြင့် ၎င်းထွက်ခွာသွားဖွယ်ရှိသည့်အနေအထားမှာ ရာခိုင်နှုန်းပိုများနိုင်ကြောင်း သုံးသပ်မှုများဖြစ်လာစေသည်။

ဗန်ဟားလ်သည် ၎င်း၏ရာထူးနှင့်ပတ်သက်၍ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများအပေါ် သက်ရောက်မှုရှိသည်ဟု ပြောကြားထားဖူးသဖြင့် သက်ရောက်မှုဒဏ်ခံရသူများက ၎င်းကို ၁၂ လစောကာ အနားယူရန်ဆုံးဖြတ်ခိုင်းဖွယ်ရှိနေသည်။

အေဂျက်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် ဟော်လန်တို့ကို တာဝန်ယူဖူးသည့် ဗန်ဟားလ်သည် ယခင်ကလည်း ထိုနည်းပြရာထူးများမှ ထွက်ခွာခဲ့ဖူးသည့်အတွက် ၁ နှစ်စော၍ မန်ယူမှထွက်ခွာဖွယ်ရှိသည့်သတင်းမှာ အမှန်တကယ်ဖြစ်ပေါ်လာဖွယ်ရှိနေသည်။

ဗန်ဟားလ်ထွက်ခွာသွားလျှင် မန်ယူနည်းပြရာထူးကို လက်ရှိနည်းပြအဖွဲ့တွင် နံပါတ် ၂ ဖြစ်နေသည့် ရွိုင်ယန်ဂစ်က ရရှိဖွယ်မရှိဘဲ ချဲလ်ဆီး၏ထုတ်ပယ်မှုခံခဲ့ရပြီး လက်ရှိအချိန်တွင် ရှန်ဟိုင်း၌ အပန်းဖြေခရီးထွက်နေသည့် မော်ရင်ညိုက လက်ခံရဖွယ်ရှိနေကြောင်းလည်း သုံးသပ်မှုများပေါ်ထွက်နေသည်။

comments

error: Content is protected !!