အပြောင်းအရွှေ့နှင့်ပတ်သက်၍ ထိန်းချုပ်ခွင့်ရှိဆဲဖြစ်ကြောင်း ကလော့ပ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အပြောင်းအရွှေ့အတွက် အခရာဖြစ်ဆဲဟုဆိုသည့် ကလော့ပ်

လီဗာပူးနည်းပြယာဂင်ကလော့ပ်က အသင်းကစားသမားအပြောင်းအရွှေ့နှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်ရှိဆဲဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါဒေါ့မွန်နည်းပြဟောင်းသည် လီဗာပူးနည်းပြရော့ဂျာထုတ်ပယ်ခံရပြီးနောက် အစားထိုးခန့်အပ်ခြင်းခံရသည့်အချိန်တွင် အပြောင်းအရွှေ့ကိစ္စရပ်များကို ကိုယ်တိုင်ပြုလုပ်နိုင်မှသာ လီဗာပူးကို ကိုင်တွယ်မည်ဟု ပြောကြားခဲ့သူဖြစ်သည်။

လီဗာပူးအပြောင်းအရွှေ့ကော်မတီမှာ မှားယွင်းသောကစားသမားခေါ်ယူမှုများကြောင့် ဝေဖန်ခံခဲ့ရပြီးနောက် ကလော့ပ်က ယခုကဲ့သို့ သဘောတူညီချက်ရယူခဲ့ပြီး လီဗာပူးဘက်မှလည်း အဆိုပါနည်းပြ၏လုပ်ပိုင်ခွင့်ပေးနိုင်သည်ဟူသော သဘောတူညီချက်ပါဝင်ခဲ့သည်။

အပြောင်းအရွှေ့မူဝါဒများနှင့်ပတ်သက်၍ နည်းပြကလော့ပ်က ”ဥပမာပြောရရင် အသက် ၃၅ နှစ်ရှိတဲ့ အီဘရာဟီမိုဗစ်ကို ပေါင်သန်း ၁၀၀ ကျော်ပေးပြီးခေါ်ယူမယ်ဆိုရင်တော့ သူ့ကိုစာချုပ်မချုပ်ခင် ကော်မတီနဲ့စကားပြောရမှာပါ။ ဒါပေမဲ့ ကျွန်တော်စရောက်တဲ့နေ့ကစပြီး ကစားသမားအပြောင်းအလဲကို ကိုယ်တိုင်လုပ်မယ်လို့ပြောထားပြီးသားပါ။ ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာလည်း ဒီပုံစံအတိုင်း အလုပ်လုပ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက ကစားသမားသစ်ခေါ်ယူရန် ဆန္ဒမရှိလျှင်သော်လည်းကောင်း၊ ခေါ်ယူရန်ငွေကြေးမပြည့်ဝလျှင်သော်လည်းကောင်း ကစားသမားသစ်များ ရောက်ရှိလာနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

comments

error: Content is protected !!