နောက်ခံလူအီဗန်နိုဗစ်ကို ချဲလ်ဆီး ၁ နှစ်သက်တမ်းတိုး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးတွင် နောက် ၁ နှစ်ဆက်ရှိနေမည့် အီဗန်နိုဗစ်

မန်စီးတီး၊ အင်တာမီလန်၊ အေစီမီလန်နှင့်ဇင်းနစ်တို့၏ ခေါ်ယူရန်စိတ်ဝင်စားခြင်းခံနေရသော နောက်ခံလူအီဗန်နိုဗစ်ကို ချဲလ်ဆီးအသင်းက ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ကြောင်းသိရသည်။

အသက် ၃၁ နှစ်ရှိအဆိုပါဆားဘီးယားလက်ရွေးစင်သည် ယခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲပါဝင်ကစားထားပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် စာချုပ်သက်တမ်းကုန်ဆုံးဖြစ်သဖြင့် ကလပ်အသင်းအများစုက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုနေခြင်းဖြစ်သည်။

ထို့ကြောင့် ချဲလ်ဆီးအသင်းက အီဗန်နိုဗစ်ကို ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို၍ ဆက်လက်ထိန်းသိမ်းထားရန် ပြင်ဆင်ခဲ့ခြင်ဖြစ်သည်။

ဆက်စပ်သတင်းများအရ ယခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးအတွက် ၁ ပွဲသာပါဝင်ကစားခွင့်ရထားသော နောက်ခံလူဒီလိုဘိုဒီမှာ ၀ါဒါဘရီမင်သို့ပြောင်းရွှေ့ရန် ဆွေးနွေးလျက်ရှိကြောင်းသိရသည်။

comments

error: Content is protected !!