ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဂါရတ်ဘေးလ် အနားယူရမည်
|
ဂီဂျွန်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဂါရတ်ဘေးလ်
ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားဂါရတ်ဘေးလ်မှာ ယခုနှစ်အတွင်း တတိယအကြိမ်အဖြစ် ခြေသလုံးကြွက်သားဒဏ်ရာထပ်မံရရှိခဲ့၍ အနားယူရမည်ဖြစ်ကြောင်းသိရသည်။
အသက် ၂၆ နှစ်ရှိ အဆိုပါဝေးလ်လက်ရွေးစင်သည် အိမ်ကွင်းတွင် ဂီဂျွန်ကို ၅-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်၌ ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၃ ပတ်ခန့်အနားယူရနိုင်သည်ဟု သတင်းဌာနများက ဖော်ပြခဲ့သည်။
ဂါရတ်ဘေးလ်၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ရီးရဲလ်အသင်းက စစ်ဆေးချက်များထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါကစားသမားမှာ ဘယ်ဘက်ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကြံ့ခိုင်မှုပြန်လည်ရရှိရန် စောင့်ကြည့်ရမည်ဖြစ်ကြောင်း အသင်းဝက်ဆိုက်၌ ရေးသားဖော်ပြခဲ့သည်။
စပိန်သတင်းများအရ လာမည့်ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ရိုးမားနှင့်ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်၌ ဂါရတ်ဘေးလ်ပြန်လည်ပါဝင်နိုင်ရန် ရီးရဲလ်က မျှော်လင့်နေကြောင်း သိရသည်။
Prev : အယ်လ်အေဂလက်ဆီသို့ပြောင်းရွှေ့ရန် အက်ရှ်လေကိုးလ်သဘောတူ
Next : နောက်ခံလူမွန်ရီရယ်လ်ကို အာဆင်နယ်သက်တမ်းတိုးစာချုပ်ချုပ်ဆို
Next : နောက်ခံလူမွန်ရီရယ်လ်ကို အာဆင်နယ်သက်တမ်းတိုးစာချုပ်ချုပ်ဆို