အယ်လ်အေဂလက်ဆီသို့ပြောင်းရွှေ့ရန် အက်ရှ်လေကိုးလ်သဘောတူ
|
မေဂျာလိဂ်သို့ပြောင်းရွှေ့တော့မည့် အက်ရှ်လေကိုးလ်
အင်္ဂလန်လက်ရွေးစင်ဟောင်း အက်ရှ်လေကိုးလ်သည် စီးရီးအေကလပ်ရိုးမားမှ ထွက်ခွာပြီးနောက် အမေရိကန်မေဂျာလိဂ်အသင်း အယ်လ်အေဂလက်ဆီသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သိရှိရသည်။
အသက် ၃၅ နှစ်အရွယ် အက်ရှ်လေကိုးလ်သည် ရိုးမားနှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် အင်္ဂလန်အသင်းဖော်ဟောင်း ဂျရတ်ရှိရာ အယ်လ်အေဂလက်ဆီသို့ အလွတ်ပြောင်းရွှေ့နိုင်ခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးနှင့် အာဆင်နယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်သည် ရိုးမားသို့ ၂၀၁၄ ခုနှစ် ဇူလိုင်လက ပြောင်းရွှေ့ခဲ့ပြီး ၁၆ ပွဲ ပါဝင်ကစားခဲ့သည်။
Prev : အသင်းလိုအပ်ချက်အရ ဖိုးချစ်ကို လူစားလဲခဲ့ခြင်းဖြစ်ကြောင်း မဟာယူနိုက်တက်နည်းပြဆို
Next : ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဂါရတ်ဘေးလ် အနားယူရမည်
Next : ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဂါရတ်ဘေးလ် အနားယူရမည်