အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFF ဖူဆယ်ပြိုင်ပွဲတွင် MFF ဖူဆယ်လိဂ်ချန်ပီယံအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
AYA Bank ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIC အသင်း

ဇန်နဝါရီ ၂ဝ။
အောင်သော်ဖြိုး။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကျင်းပမည့် MFF Futsal League 2016 ပြိုင်ပွဲကို မတ်လ ၁၂ ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံအမျိုးသားအားကစားပြိုင်ပွဲရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံ MIC FC ၊ PU FC ၊ UPT FC ၊ Yangon City FC ၊ VUC FC ၊ YZ FC ၊ Winner FC  အပါအဝင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အသက်၁၉ နှစ်အောက်ဖူဆယ်အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

MFF Futsal League 2016 ပြိုင်ပွဲကို မတ်လ ၁၂ရက်နေ့မှ စတင်ကျင်းပမည်ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။

လက်ရှိချန်ပီယံ MIC အသင်းသည် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်တွင် တတိယနေရာရရှိထားသည့် အသင်းဖြစ်သည့်အပြင် AYA Bank  အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း ခေတ္တရာအသင်းကို ၁၀-၂ ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုရရှိထားသည့်အသင်းဖြစ်သည်။

comments

error: Content is protected !!