နောက်ခံလူဗီဒစ်ကို အင်တာမီလန်က ထွက်ခွာခွင့်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အင်တာမီလန်နှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ဗီဒစ်

ယခုရာသီတွင် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပွဲထွက်ခွင့်မရခဲ့သည့် နောက်ခံလူ နီမန်ဂျာဗီဒစ်အား အင်တာမီလန်က စာချုပ်ဖျက်သိမ်းပေးခဲ့ကြောင်း သိရှိရသည်။

အသက် ၃၄ နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်ဟောင်းဗီဒစ်သည် ၂၀၁၄ ခုနှစ်က မန်ယူမှ အင်တာမီလန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာပြီး ယမန်နှစ်ရာသီက ၂၈ ပွဲ ပါဝင်ကစားပေးခဲ့သည်။

“အင်တာမီလန်မိသားစုနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အသင်းအနာဂတ်ပိုမိုကောင်းမွန်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ဗီဒစ်က စာချုပ်ဖျက်သိမ်းအပြီးတွင် ပြောကြားခဲ့သည်။

ဗီဒစ်သည် မန်ယူတွင် ၈ နှစ်ခွဲကစားရာတွင် ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ရရှိခဲ့ပြီး ၂၀၀၇-၀၈ ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့သည်။

comments

error: Content is protected !!