နောဝစ်ခ်ျသို့ ၀ုဖ်ဘတ်နောက်ခံလူတင်မ်ကလိုဆေးပြောင်းရွှေ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နောဝစ်ခ်ျသို့ရောက်ရှိလာသည့် ကလိုဆေး

ဝုဖ်ဘတ်နောက်ခံလူတင်မ်ကလိုဆေးမှာ မဖော်ပြသောပြောင်းရွှေ့ကြေးဖြင့် နောဝစ်ခ်ျအသင်းသို့  ပြောင်းရွှေ့ရောက်ရှိခဲ့ကြောင်းသိရသည်။

အသက် ၂၇ နှစ်ရှိ အဆိုပါဆွစ်ဇာလန်နောက်ခံလူသည် ၀ုဖ်ဘတ်နှင့် ပြိုင်ပွဲစုံ ၃၉ ပွဲပါဝင်ကစားခဲ့ပြီးနောက် နောဝစ်ခ်ျနှင့်၃ နှစ်ခွဲစာချုပ်ချုပ်ဆို၍ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တင်မ်ကလိုဆေးရောက်ရှိမှုနှင့်ပတ်သက်၍ နောဝစ်ခ်ျနည်းပြအဲလက်စ်နေးလ်က အရည်အချင်းပြည့်ဝသည့်ကစာသမားတစ်ဦးပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ပြီး အဆိုပါကစားသမားဘက်ကလည်း ”ပရီးမီးယားလိဂ်မှာကစားဖို့ဆိုတာ ကျွန်တော်အမြဲမက်ခဲ့ရတဲ့အိပ်မက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ကို နောဝစ်ခ်ျက ကြီးမားတဲ့အခွင့်အရေးပေးခဲ့တာပါ။ အကောင်းဆုံးကစားသမားဖြစ်အောင်ကြိုးစားပြီး တတ်စွမ်းသမျှအကုန်ပေးဆပ်ဖို့ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။

နောဝစ်ခ်ျမှာ ကလိုဆေးအပါအ၀င်ကစားသမား ၄ ဦး ခေါ်ယူထားပြီး နောက်ဆုံးအနေဖြင့် အဲဗာတန်တိုက်စစ်မှူးနေးလ်စမစ်ကိုလည်း ပေါင် ၈.၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု နောက်ဆုံးသတင်းများအရ သိရှိရသည်။

comments

error: Content is protected !!