အသင်းလိုအပ်ချက်အရ ဖိုးချစ်ကို လူစားလဲခဲ့ခြင်းဖြစ်ကြောင်း မဟာယူနိုက်တက်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အရန်အဖြစ်လူစားဝင်ကစားခဲ့သည့် ဖိုးချစ်(ဂျာစီအပြာ)

ဇန်နဝါရီ ၁၉။
အောင်သော်ဖြိုး

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ယူနိုက်တက်အော့ဖ်သန်လျင်နှင့်  ဇာတ်မင်းသားဖိုးချစ်ပိုင်ဆိုင်သည့် မဟာယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဥက္ကဌရာထူးအပြင် ကစားသမားလည်းဖြစ်သည့် ဖိုးချစ်ကို လဲလှယ်ခြင်းမှာ ကစားကွက်လိုအပ်ချက်ကြောင့်ဟု မဟာယူနိုက်တက်နည်းပြချုပ် ဦးဇော်လင်းထွန်းက ဆိုသည်။

“နံပါတ် ၂၄ ရဲ့ကစားပုံကို ပွဲလာတဲ့လူတွေမြင်မှာပါ။ တိုက်စစ်မှူးလဲဖို့လိုအပ်နေတဲ့အတွက် ကိုဖိုးချစ်ကို ကျွန်တော်ထည့်ခဲ့တာပါ” ဟု အသင်းနည်းပြ ဦးဇော်လင်းထွန်းက ပြောကြားခဲ့သည်။

မဟာယူနိုက်တက်နှင့် ယူနိုက်တက်အော့ဖ်သန်လျင်တို့ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး အရန်စာရင်းတွင်ပါဝင်သည့်ဖိုးချစ်ကို ခြေစွမ်းပြနိုင်ခြင်းမရှိသည့် နိုင်ငံခြားသားတိုက်စစ်မှူး အိုဒီနခအစား ထည့်သွင်းကစားခဲ့ခြင်း ဖြစ်ပြီး ဖိုးချစ် အသင်းဖော်များအတွက် ဂိုးအဖြစ်ပြောင်းလဲနိုင်ရန် နီးစပ်သည့် ပေးပို့မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သော်လည်း အသင်းဖော်များ အဆုံးသတ်မသေချာခဲ့သည့်အတွက် ဂိုးရရှိခဲ့ခြင်းမရှိပေ။

မဟာယူနိုက်တက်ကို နိုင်ငံခြားသားကစားသမား ၃ ဦးအပါအဝင် ကစားသမား ၃ဝ ဦးဖြင့် ဖွဲ့စည်းထားပြီး အနုပညာရှင်များဖြစ်ကြသည့် ဖိုးချစ်၊ ထွန်းထွန်း၊ မိုးယံဇွန်တို့ကို အသင်းလူစာရင်းတွင် ထည့်သွင်းထားပြီး ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် နေဒွေး၊ ယုန်လေး၊ Dဖြိုး၊ Wလျံ တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ လက်ကျန်ပွဲစဉ်များတွင်လည်း အနုပညာရှင်များထည့်သွင်းကစားမည်ဖြစ်ကြောင်း သိရသည်။

comments

error: Content is protected !!