ချဲလ်ဆီးနှင့်ပွဲတွင် အိုဇဲလ်နှင့်ဆန်းချက်ဇ်တို့ ပြန်လည်ပွဲထွက်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးနှင့်စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့သည့် မစ်ဂ်နိုလက်

ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် လန်ဒန်ဒါဘီပွဲအဖြစ် ချဲလ်ဆီးနှင့်ယှဉ်ပြိုင်ကစားမည့်ပွဲ၌ အာဆင်နယ်ကွင်းလယ်လူ အိုဇဲလ်နှင့် တိုက်စစ်ကစားသမားဆန်းချက်ဇ်တို့မှာ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

အိုဇဲလ်မှာ စတုတ်စီးတီးနှင့် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲကို ခြေချောင်းဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဆန်းချက်ဇ်သည်လည်း နိုဝင်ဘာလမှစ၍ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ချေ။

ချဲလ်ဆီးဘက်မှ ဟာဇက်ပြန်လည်ပွဲထွက်ရန်သေချာမည်ဖြစ်ကြောင်းသိရှိရပြီး အာဆင်နယ်ကစားသမားများဖြစ်သော ရိုဆစ်စကီး၊ ဒူးဒဏ်ရာရရှိနေသာ ၀ဲလ်ဘတ်၊ ကိုကွီလင်နှင့် ၀ီလ်ရှိုင်းယားတို့မှာ လာမည့်လတွင်မှ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

comments

error: Content is protected !!