လီဗာပူးနှင့်မစ်ဂ်နိုလတ်တို့ သက်တမ်းတိုးစာချုပ်ချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးနှင့်စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့သည့် မစ်ဂ်နိုလတ်

လီဗာပူးအသင်းမှာ ဂိုးသမားမစ်ဂ်နိုလတ်ကို ၂၀၂၀-၂၁ ဘောလုံးရာသီအထိရှိနေမည့် ၅ နှစ်သက်တမ်းတိုးစာချုပ်သစ်တစ်ရပ်ချုပ်ဆိုလိုက်ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိအဆိုပါဂိုးသမားသည် ၂၀၁၃ ခုနှစ်တွင် ပေါင် ၉ သန်းဖြင့် ဆန်းဒါးလန်းမှ လီဗာပူးသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ပွဲပေါင်း ၁၂၂ ပွဲကစားထားသူဖြစ်ကာ ၂၀၁၅ ခုနှစ်ဘောလုံးရာသီတွင် လက်စွမ်းပြနိုင်ခဲ့သဖြင့် ၁၅ ပွဲပေးဂိုးမရှိကစားနိုင်ခဲ့ပြီး အဆိုပါမှတ်တမ်းသည် အခြားပရီးမီးယားလိဂ်ဂိုးသမားများပိုများသည့် ပမာဏဖြစ်ခဲ့သည်။

သက်တမ်းတိုးစာချုပ်နှင့်ပတ်သက်၍ ဂိုးသမားမစ်ဂ်နိုလတ်က ”စာချုပ်သစ်ချုပ်ဆိုလိုက်လို့ တာဝန်တွေထပ်တိုးလာမယ်ဆိုတာ ကျွန်တော်သိပါတယ်။ လာမယ့်ကာလတွေမှာ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းသွားမှာပါ။ ဒီမှာရှိတဲ့ ဂိုးနည်းပြ၊ လက်ထောက်နည်းပြတွေနဲ့အတူ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူတို့တွေဟာ ကျွန်တော့်ကိုကူညီခဲ့သူတွေဖြစ်ပြီး စာချုပ်သစ်နဲ့အတူ သူတို့ရဲ့ ယုံကြည်မှုတွေကိုပြသခဲ့ကြတာပါ” ဟု ပြောကြားခဲ့သည်။

မစ်ဂ်နိုလတ်မှာ ပြီးခဲ့သည့်အာဆင်နယ်နှင့် မန်ယူပွဲတို့၌ အမှားများစွာကျူးလွန်ခဲ့သဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ယခုဘောလုံးရာသီတွင် လီဗာပူးအတွက် ၇ ပွဲပေးဂိုးမရှိရလဒ်စွမ်းဆောင်ပေးထားသည်။

comments

error: Content is protected !!