မက်ဆီ တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းမဟုတ်
|
ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူနေသည့် မက်ဆီ
ဘီလ်ဘာအိုကို ၆ ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မက်ဆီရရှိခဲ့သောဒဏ်ရာမှာ ထိခိုက်မိသည့် သာမန်ဒဏ်ရာသာဖြစ်ကြောင်း ဘာစီလိုနာက သတင်းထုတ်ပြန်ခဲ့သည်။
ယခုရာသီတွင် ဒူးဒဏ်ရာကြောင့် ၂ လ အနားယူခဲ့ရသော အသက် ၂၈ နှစ်အရွယ် ထိုကစားသမားကို ဘာစီလိုနာက ပထမပိုင်းအပြီးတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစားလဲခဲ့ပြီး ဘာစီလိုနာက သတင်းထုတ်ပြန်ရာတွင် “တိုက်စစ်မှူးမက်ဆီအား ဆေးစစ်ဆေးမှုအပြီး တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့သည့် သတင်းများမှာ ကောင်းမွန်ခဲ့သည်။ ထိုကစားသမားမှာ တံကောက်ကြောဒဏ်ရာရရှိခြင်းမဟုတ်ဘဲ သာမန်ထိခိုက်မိမှုသာဖြစ်သည်ဟု သိရသည်”ဟု ပါရှိသည်။
သို့သော် ဗုဒ္ဓဟူးနေ့တွင် စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်အဖြစ် ဘီလ်ဘာအိုနှင့်ပင် ကစားရမည့်ပွဲစဉ်အတွက် မက်ဆီပါဝင်နိုင်ဖွယ်ရှိ မရှိမှာ မသေချာသေးဟု ဘာစီလိုနာက သတင်းထုတ်ပြန်ထားသည်။
Prev : နောက်ခံလူဗီဒစ်ကို အင်တာမီလန်က ထွက်ခွာခွင့်ပြု
Next : လီဗာပူးနှင့်မစ်ဂ်နိုလတ်တို့ သက်တမ်းတိုးစာချုပ်ချုပ်ဆို
Next : လီဗာပူးနှင့်မစ်ဂ်နိုလတ်တို့ သက်တမ်းတိုးစာချုပ်ချုပ်ဆို