မာရက်ဇ်ကို ပင်နယ်တီကန်ခွင့်ပေးတော့မည်မဟုတ်ဟု ရေနီယာရီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပင်နယ်တီကန်ခွင့်လွှဲပြောင်းပေးရတော့မည့် မာရက်ဇ်

လက်စတာနည်းပြရေနီယာရီက ၂ ပွဲဆက် ပင်နယ်တီကန်သွင်းချက်လွဲချော်ခဲ့သော ကွင်းလယ်လူမာရက်ဇ်ကို ပင်နယ်တီကန်ခွင့်ပေးတော့မည်မဟုတ်ဟု ဖွင့်ဟပြောကြားလိုက်သည်။

လက်စတာမှာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အာဆင်နယ်နှင့်ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပြီး ဘုန်းမောက်၊ ဗီလာတို့နှင့်ယှဉ်ပြိုင်ခဲ့သောပွဲစဉ်များတွင် ပင်နယ်တီကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ကွင်းလယ်လူမာရက်ဇ်၏ လွဲချော်မှုများကြောင့် သရေပွဲများနှင့်ကြုံတွေ့ခဲ့ရကာ အမှတ်ပေးဇယားဦးဆောင်ခွင့် လက်လွှတ်ခဲ့ရသည်။

မာရက်ဇ်နှင့်ပတ်သက်၍ နည်းပြရေနီယာရီက ”မာရက်ဇ်ပင်နယ်တီလွဲချော်ခဲ့တာ စိတ်ပျက်ဖို့တော့ကောင်းပါတယ်။  လက်ရှိချန်ပီယံတွေလည်း ပင်နယ်တီလွဲကြတာပါပဲ။ အခုတော့ နည်းနည်းအနားယူပြီးဖို့နဲ့ နောက်ထပ်အခွင့်အရေးတွေရှိလာဦးမှာပါလို့ ကျွန်တော်သူ့ကိုပြောထားပါတယ်။ ဘယ်သူပင်နယ်တီကန်ခွင့်ရမလဲဆိုတာ ကစားသမားတွေနဲ့ တွေ့ဆုံပြောကြားမှာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ ယူလိုအာကန်သွင်းခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါကွင်းလယ်လူသည် ယခုနှစ်ဘောလုံးရာသီတွင် ပင်နယ်တီကန်သွင်းခွင့်မှတစ်ဆင့် လက်စတာအတွက် ၄ ဂိုးသွင်းယူပေးထားသော်လည်း ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲအဖြစ် ဟူးလ်စီးတီးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ ၎င်း၏လွဲချော်မှုကြောင့် လက်စတာအသင်း ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

comments

error: Content is protected !!