ဒူးဒဏ်ရာမှသက်သာလာသော ဟာဇက် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်သည့် ဟာဇက်

ချဲလ်ဆီးတိုက်စစ်မှူး အီဒင်ဟာဇက်သည် ဒူးဒဏ်ရာမှပြန်လည်သက်သာလာပြီး တနင်္ဂနွေနေ့တွင်ကစားမည့် အာဆင်နယ်နှင့်ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိနေကြောင်း သိရှိရသည်။

ဟာဇက်သည် ဇန်န၀ါရီ ၃ ရက်က ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်အနိုင်ရသောပွဲစဉ်၌ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်သောကြာနေ့က လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ကာ ယခုတစ်ပတ်အတွင်း လေ့ကျင့်ခန်းအပြည့်အ၀ဆင်းနိုင်မည်ဟု သိရသည်။

ဟာဇက်ပြန်လည်ပါဝင်လာနိုင်ခြင်းမှာ ယာယီနည်းပြဂုစ်ဟစ်ဒင့်အတွက် အားတက်စရာဖြစ်လာသော်လည်း ၎င်း၏ကြံ့ခိုင်မှုအခြေအနေကို အသေအချာစောင့်ကြည့်သွားမည်ဟု ချဲလ်ဆီးက ဆိုထားပြီး အာဆင်နယ်နှင့်ပွဲ အရေးကြီးမှုကို ထည့်သွင်းစဉ်းစားပြီး ဟာဇက်ကို စွန့်စားကစားစေမည်မဟုတ်ဟု ပြောကြားထားသည်။

comments

error: Content is protected !!