ချန်ပီယံဖြစ်ရန် ၂၆ နှစ်ကြာစောင့်ဆိုင်းရမည်ဟု မထင်ကြောင်း ဗန်ဟားလ်ဆို
|
မန်ယူနည်းပြဗန်ဟားလ်က ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားသိမ်းပိုက်ရန် ၂၆ နှစ်ကြာစောင့်ဆိုင်းရမည်ဟု မထင်မြင်မိကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဗန်ဟားလ်၏ ပြောကြားမှုမှာ ၁၉၉၃ ခုနှစ်တွင် မန်ယူနည်းပြဟောင်းဖာဂူဆန်က ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားမရရှိမီ ကာလရှည်စောင့်ဆိုင်းခဲ့ရခြင်းနှင့် ယခုနှစ်တွင်ချန်ပီယံမဖြစ်ပါက ၂၆ နှစ်ကြာ ပရီးမီးယားလိဂ်ဖလားလက်မဲ့ဖြစ်မည့် လီဗာပူးတို့အပေါ်ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဟော်လန်လူမျိုးနည်းပြက ”ဒီလိုအဖြစ်မျိုးကြုံမယ်လို့ ကျွန်တော်မထင်ဘူး။ ကျွန်တော်တို့ပြောင်းလဲမှုတွေကြုံနေပေမယ့် ကျွန်တော်တို့ဟာ အခြေခံကောင်းတဲ့အသင်းဖြစ်သလို မှန်ကန်တဲ့လမ်းပေါ်လျှောက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးအိမ်ကွင်းအန်ဖီးလ်၌ သွားရောက်ယှဉ်ပြိုင်ရမည့် မန်ယူနည်းပြဗန်ဟားလ်မှာ လီဗာပူးနှင့်ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ်လုံးတွင် နိုင်ပွဲရရှိထားသူဖြစ်ပြီး အကယ်၍လီဗာပူးကိုအရေးနိမ့်ခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲတွင် ၁ ပွဲသာအနိုင်ရထားသော မန်ယူအသင်းအတွက် ၁၉၈၉-၉၀ နောက်ပိုင်းအဆိုးရွားဆုံးရလဒ်နှင့်ကြုံတွေ့ရမည်ဖြစ်သည်။
Next : မန်ယူကိုရင်ဆိုင်ဖို့ လီဗာပူးအတွက် ကြောက်ရွံ့စရာဘာမှမရှိဘူး (ဒန်နီမာဖီ)