လာလီဂါအမြန်ဆုံးကစားသမားဝီလီယမ်ကိုခေါ်ယူရန် လီဗာပူးနှင့်အာဆင်နယ် အပြိုင်စိတ်ဝင်စားနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လီဗာပူးနှင့် အာဆင်နယ်တို့က စိတ်ဝင်စားနေသည့် ၀ီလီယမ်(၀ဲ)

ပြီးခဲ့သည့်ဘောလုံးရာသီတွင် လာလီဂါအမြန်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သော ဘီလ်ဘာအိုတိုက်စစ်မှူး ၀ီလီယမ်ကို လီဗာပူးနှင့်အာဆင်နယ်တို့မှ ပေါင် ၁၅ သန်းပေးချေ၍ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်းသိရသည်။

အသက် ၂၁ နှစ်ရှိ အဆိုပါစပိန် ယူ-၂၁ တိုက်စစ်မှူးနှင့် ဘီလ်ဘာအိုအသင်းချုပ်ဆိုထားသည့်စာချုပ်တွင် အသင်းမှထွက်ခွာမည်ဆိုပါက ပေါင် ၁၅.၃ သန်းပေးချေရမည်ဆိုသော အချက်ပါဝင်သဖြင့် လီဗာပူးနည်းပြကလော့ပ်က ခေါ်ယူရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။

ဝီလီယမ်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဒီပို့တီဗိုနှင့်ယှဉ်ပြိုင်ခဲ့သောပွဲ၌ ၁ နာရီ ၂၂.၂ မိုင်နှုန်းပြေးကာ စံချိန်တင်နိုင်ခဲ့သူဖြစ်သည်။

စပါးအသင်းကလည်း တိုက်စစ်မှူးဟယ်ရီကိန်း၏နောက် ဒုတိယကစားသမားအဖြစ်အသုံးပြုရန်အတွက် ၀ီလီယမ်ကိုခေါ်ယူရန် ဆက်သွယ်ထားကြောင်းသိရသည်။

ယခုနှစ်ဘောလုံးရာသီတွင် ဘီလ်ဘာအိုအတွက် ၁၄ ပွဲပါဝင်ကစားပြီး ၆ ဂိုးသွင်းယူပေးထားသော အဆိုပါတိုက်စစ်မှူးကို အပြောင်းအရွှေ့ပိတ်ပင်ခံရဖွယ်ရှိနေသည့် ရီးရဲလ်၊ အက်သလက်တီကိုတို့ကလည်း ခေါ်ယူရန်စိတ်ဝင်စားနေသည်။

ထို့ကြောင့် ဘီလ်ဘာအိုဘက်မှ စာချုပ်သစ်ထပ်မံချုပ်ဆို၍ ပြောင်းရွှေ့ကြေးကို ပေါင် ၇၆.၃ သန်းအထိတိုးမြှင့်ရန် ပြင်ဆင်နေကြောင်းသိရသည်။

comments

error: Content is protected !!