တန်းဆင်းဇုန်အထက်မှ ရုန်းထွက်ရမည်ဟု ဟစ်ဒင့်သတိပေးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တန်းဆင်းဇုန်အန္တရာယ်ရှိကြောင်းဝန်ခံခဲ့သည့် ဟစ်ဒင့်

ချဲလ်ဆီးနည်းပြဟစ်ဒင့်က တန်းဆင်းအန္တရာယ် ကြုံလာနိုင်ဖွယ်ရှိနေသဖြင့် ထိုဖြစ်ရပ်မကြုံတွေ့စေရန် ရုန်းထွက်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။

ချဲလ်ဆီးအသင်းမှာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၄ နေရာတွင်ရပ်တည်လျက်ရှိပြီး တန်းဆင်းဇုန်အသင်းများနှင့် ၆ မှတ်သာကွာဟသဖြင့် ဟစ်ဒင့်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလတွင် နည်းပြမော်ရင်ညိုနေရာကို အစားဝင်ရောက်ခဲ့သော ဟစ်ဒင့်က ”အန္တရာယ်ရှိတာအမှန်ပါပဲ။ လာမယ့်ပွဲစဉ် ၂ ပွဲက ခက်ခဲတဲ့ပွဲအဖြစ်ကစားရမှာပါ။ အဲဒီပွဲတွေမှာ အမှတ်မရရင် နောက်ပွဲမှာ ဘာလုပ်ရမလဲမသိဘူးဖြစ်သွားလိမ့်မယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာက အံ့အားသင့်စရာတွေပေးစွမ်းနိုင်တဲ့ပြိုင်ပွဲဆိုတာ အားလုံးအသိပါပဲ။ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာက စပါးနဲ့ ၁၂ မှတ်ကွာဟနေပါတယ်။ ကျွန်တော်တို့အားလုံး အမှတ်ပေးဇယားထိပ်ပိုင်းကိုရောက်အောင် ကြိုးပမ်းနိုင်ပါသေးတယ်။ ဒါကို မဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူး။ တန်းဆင်းဇုန်နဲ့ကလည်း ၆ မှတ်ကွာဟနေတယ်။ ဒါတွေအားလုံးက အမှန်တရားတွေပဲ။ ကျွန်တော်တို့အားလုံး ပြင်းပြင်းထန်ထန်ကြိုးပမ်းရမယ်၊ အာရုံစူးစိုက်ရမယ်၊ ပြီးတော့ ကျွန်တော်တို့အဆင့်တက်ဖို့ ရမှတ်တွေစုဆောင်းရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!