နယူးကာဆယ်ကွင်းလယ်လူ ဒီဂျောင် မျက်လုံးဒဏ်ရာကြောင့် နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာရခဲ့ပြီးနောက် ၎င်း၏တွစ်တာအကောင့်တွင် ဒီဂျောင်တင်ထားသည့်ပုံ

နယူးကာဆယ်ကွင်းလယ်လူ ဆမ်ဒီဂျောင်သည် လေ့ကျင့်ရေးကွင်းတွင် မတော်တဆမှုတစ်ခုကြောင့် မျက်စိအမြင်တစ်ဖက်ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း နယူးကာဆယ်နည်းပြ မက္ကလာရင်က ပြောကြားလိုက်သည်။

အသက် ၂၆ နှစ်အရွယ် ဟော်လန်လက်ရွေးစင် ထိုကစားသမားသည် ဗုဒ္ဓဟူးနေ့လေ့ကျင့်ခန်းအစီအစဉ်တွင် မျက်လုံးမှသွေးများထွက်လာသည့်အတွက် ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခဲ့ရသော်လည်း ယခုအချိန်တွင် ပြန်လည်သက်သာလာနေပြီး ၂ ပတ်အနားယူရမည်ဟု သိရှိရသည်။

“လေ့ကျင့်ရေးကွင်းမှာ မျက်လုံးထဲကို မတော်တဆသူ့လက်နဲ့ထိုးလိုက်မိလို့ ဖြစ်သွားတာပါ”ဟု ထိုနေ့က နယူးကာဆယ်ဂန္ထ၀င်ဂိုးသမား ရှာနစ်ခ်ကွယ်လွန်ခြင်းအထိမ်းအမှတ်ပွဲသို့ တက်ရောက်နေခဲ့သည့် မက္ကလာရင်က ဆိုသည်။

မက္ကလာရင်က ဒီဂျောင်၏အဖြစ်အား ပြန်လည်ပြောပြခဲ့ရာတွင်”သူက အော်ရင်းလဲကျသွားတယ်လို့ ပြောတယ်။ တခြားလူတွေက မျက်လုံးကိုကြည့်လိုက်တဲ့အချိန်မှာ သွေးတွေထွက်ကျလာတယ်။ သူက မျက်ကပ်မှန်တပ်တယ်။ မျက်ကပ်မှန်တစ်ဖက်က ကျွတ်သွားပြီး မျက်လုံးထဲဝင်သွားလို့ အဲဒီလိုဖြစ်တာပါ”ဟု ဆိုသည်။

ထို့အပြင် ၎င်းက ဒီဂျောင်မှာ အမြင်အာရုံတစ်ဖက်ဆုံးရှုံးသွားနိုင်ခြေ ကြီးမားသဖြင့် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဒီဂျောင်မှာ ပြီးခဲ့သည့်ရာသီကလည်း အဆုတ်ပြဿနာကြောင့် ၂ လ ကြာအနားယူခဲ့ရသည်။

comments

error: Content is protected !!