ဘုရင့်ဖလားကွာတားဖိုင်နယ်တွင် ဘာစီလိုနာနှင့် ဘီလ်ဘာအိုတွေ့ဆုံနေ
|
၁၆ သင်းအဆင့်တွင် အက်စ်ပန်ညိုဘက်သို့ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် ဘာစီလိုနာကစားသမားများ
စပိန်ဘုရင့်ဖလားလက်ရှိချန်ပီယံ ဘာစီလိုနာသည် ထိုပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်တွင် ယမန်နှစ်ဗိုလ်လုပွဲတွင် ဆုံတွေ့ခဲ့သည့် ဘီလ်ဘာအိုနှင့်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။
ဂယ်ရီနဗီးလ်ကိုင်တွယ်နေသည့် ဗလင်စီယာမှာ လာလီဂါတွင်ရုန်းကန်နေရသည့် အဆင့် ၁၆ နေရာမှ လက်စ်ပါးမက်စ်နှင့်ကစားရမည်ဖြစ်ကာ လာလီဂါတွင် အဆင့် ၁ ရောက်နေသော အက်သလက်တီကိုမှာ ဆဲလ်တာဗီဂိုနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကွာတားဖိုင်နယ်အဆင့်တွင် ဒုတိယတန်းမှတစ်သင်းတည်းသောအသင်းအဖြစ် ကျန်ရစ်ခဲ့သည့် မီရန်ဒက်စ်မှာ ဆီဗီလာနှင့်တွေ့ဆုံနေပြီး ကြားရက်များတွင်ကစားမည့် ထိုပွဲစဉ်များကို လာမည့် ၂ ပတ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Prev : သြစတြေးလျကွင်းလယ်လူကာစီရက်စ်ကို မန်စီးတီးခေါ်ယူ
Next : တန်းဆင်းဇုန်အထက်မှ ရုန်းထွက်ရမည်ဟု ဟစ်ဒင့်သတိပေးပြောကြား
Next : တန်းဆင်းဇုန်အထက်မှ ရုန်းထွက်ရမည်ဟု ဟစ်ဒင့်သတိပေးပြောကြား