သြစတြေးလျကွင်းလယ်လူကာစီရက်စ်ကို မန်စီးတီးခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်စီးတီးမှခေါ်ယူလိုက်သည့် ကာစီရက်စ်

မန်စီးတီးအသင်းမှာ ယခုအပြောင်းအရွှေ့ကာလအတွင်း ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် သြစတြေးလျ အေလိဂ်ကလပ် မာရီနာတွင်ကစားနေသည့် ကွင်းလယ်လူကာစီရက်စ်ကို မဖော်ပြသောပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

အသက် ၂၃ နှစ်ရှိ အဆိုပါသြစတြေးလျကစားသမားသည် ၂၀၁၂ ခုနှစ်တွင် မာရီနာနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀စတင်ခဲ့သူဖြစ်ပြီး ၆၂ ပွဲကစားခဲ့ရာတွင် ၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။

ကာစီရက်စ်၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ မာရီနာနည်းပြတိုနီဝယ်လန်စလေက ”ကျွန်တော်ကာစီရက်စ်ကို စပြီးခေါ်ယူပြီးချိန်ကတည်းက အလားအလာကောင်းမယ့်ကစားသမားဆိုတာသိပြီးသားပါ။ သူ့မှာအရည်အချင်းရှိပြီးသားဆိုတာ အခုအပြောင်းအရွှေ့ကိုကြည့်ရင်သိနိုင်ပါတယ်။ ထိပ်တန်းအသင်းကြီးတွေကို ကျွန်တော်တို့ ကစားသမားတွေရောက်ရှိသွားတာကို ကျွန်တော်တို့ဂုဏ်ယူသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!