ဆန်းချက်ဇ်ကို အာဆင်နယ်စွန့်စားကစားစေဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာဆင်နယ်က စွန့်စားကစားစေဖွယ်ရှိနေသည့် ဆန်းချက်ဇ်

အာဆင်နယ်သည် တိုက်စစ်မှူးအဲလက်စ်ဆန်းချက်ဇ်အား စတုတ်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားခိုင်းရန် ဆုံးဖြတ်ချက်အား ပွဲချိန်နီးမှ ချမှတ်မည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်နေ့က နောဝစ်ခ်ျနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရခဲ့ပြီးနောက် အနားယူနေရသည့် ထိုကစားသမားမှာ ခရစ္စမတ်မတိုင်မီ ပြန်ကစားနိုင်မည်ဟုမျှော်လင့်ခဲ့သော်လည်း ဒဏ်ရာထပ်မံရရှိခဲ့သဖြင့် ပြန်ကစားနိုင်ရန် ကြန့်ကြာခဲ့ပြီး လီဗာပူးနှင့်သရေကျခဲ့သည့်ပွဲတွင် ၎င်းအား ထည့်သွင်းကစားကာ စွန့်စားရန် အာစင်ဝင်းဂါးက ဆန္ဒမရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင် အာစင်ဝင်းဂါးက”ဆန်းချက်ဇ်ပြန်ကစားနိုင်ခြေက ၆၀-၄၀ ရှိပါတယ်။ သောကြာနဲ့ စနေ ၂ ရက်က သူ့အတွက်အရေးပါတယ်။ သူက ကြံ့ခိုင်မှုပြည့်ဝနေတယ်။ ကြိုးစားမှုလည်း ရှိထားတယ်။ ကျွန်တော်တို့ဆုံးဖြတ်ရမှာက သူ့ဒဏ်ရာအခြေအနေမဟုတ်ပါဘူး။ သူ့ကို ထည့်ကစားပြီး စွန့်စားမလားဆိုတာကိုပဲ ဆုံးဖြတ်ရမှာပါ”ဟု ဖွင့်ဟပြောကြားခဲ့သည်။

comments

error: Content is protected !!