နည်းပြဟောင်း စပယ်လက်တီကို ရိုးမားပြန်လည်ခန့်အပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရိုးမားသို့ တစ်ကျော့ပြန်ရောက်ရှိလာသည့် စပယ်လက်တီ

စီးရီးအေကလပ် ရိုးမားအသင်းသည် ဗုဒ္ဓဟူးနေ့ကထုတ်ပယ်လိုက်သည့် ရာဒီဂါစီယာ၏နေရာအား နည်းပြဟောင်းဖြစ်သူ လူစီယာနိုစပယ်လက်တီနှင့် အစားထိုးလိုက်ကြောင်း သိရှိရသည်။

အသက် ၅၆ နှစ်အရွယ် စပယ်လက်တီမှာ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရိုးမားကိုတာဝန်ယူခဲ့ပြီး ကိုပါအီတာလီယာဖလား ၂ ကြိမ်ရယူပေးခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ကာ ရုရှားကလပ်ဇင်းနစ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ထိုအီတလီနည်းပြသည် ၂၀၁၄ ခုနှစ်က ဇင်းနစ်၏ထုတ်ပယ်မှုမခံရမီ ထိုကလပ်အား ရုရှားအမှတ်ပေးချန်ပီယံဘွဲ့ ၂ ကြိမ်ရရှိစေခဲ့သူဖြစ်သည်။

ရိုးမားနည်းပြဟောင်းဂါစီယာမှာ စီးရီးအေတွင် အဆင့် ၅ နေရာရောက်ရှိနေသည့် ဆိုးရွားသောရလဒ်များကြောင့် ရာထူးမှထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

comments

error: Content is protected !!