ဆမ္ဘိုင္ရမ္ကို ပေါင် ၄ သန်းဖြင့် အဲဗာတန်ခေါ်ယူနိုင်တော့မည်
|
ချန်ပီယံရှစ်ကလပ် လိဒ်အသင်းညာနောက်ခံလူ ဆမ်ဘိုင်ရမ်ကို အဲဗာတန်က ပေါင် ၄ သန်းဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှု မှာ သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်းသိရသည်။
အသက် ၂၂ နှစ်ရှိ အဆိုပါနောက်ခံလူသည် လိဒ်အသင်းအကယ်ဒမီမှထွက်ပေါ်လာခဲ့သူဖြစ်ပြီး ပွဲပေါင်း ၁၄၃ ပွဲကစားကာ ၁၀ ဂိုးသွင်းယူပေးထားသူဖြစ်သည်။
ဆမ်ဘိုင်ရမ်၏လက်ရှိစာချုပ်မှာ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး လိဒ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ငြင်းပယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အခြေစိုက် နယူးကာဆယ်၊ ၀က်ဖို့ဒ်၊ ၀က်စ်ဟမ်းတို့မှ ခေါ်ယူရန်ဆက်သွယ်ခဲ့သော်လည်း အဆိုပါကစားသမားက လူငယ်များကိုအခွင့်အရေးပေးနေသည့် နည်းပြမာတီနက်ဇ်ရှိရာ အဲဗာတန်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါကစားသမားသည် ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်အဆင့် ၁၅ တွင်ရပ်တည်နေသော လိဒ်အသင်းအတွက် ၂၄ ပွဲပါဝင်ကစားပေးခဲ့ပြီး ၃ ဂိုးသွင်းယူထားနိုင်ခဲ့သည်။
Next : နည်းပြဟောင်း စပယ်လက်တီကို ရိုးမားပြန်လည်ခန့်အပ်