ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်ကလပ်များ ချန်ပီယံဖြစ်နိုင်သည်ဟု ပိုချက်တီနိုဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံဖြစ်နိုင်ခြေခန့်မှန်းခဲ့သည့် ပိုချက်တီနို

စပါးနည်းပြပိုချက်တီနိုက ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်ကလပ်များအားလုံး ချန်ပီယံဖြစ်နိုင်သည်ဟု ပြောကြားလိုက်သည်။

အဆိုပါအာဂျင်တီးနားလူမျိုးနည်းပြ၏ စပါးအသင်းသည့် ပြီးခဲ့သည့်ပွဲစဉ် ၂၁ တွင် လက်စတာအသင်းကို အိမ်ကွင်း၌ အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နှင့် ၇ မှတ်အကွာ အဆင့် ၄ နေရာတွင်ရပ်တည်လျက်သည်။

လက်ရှိအမှတ်ပေးဇယားအဆင့် ၁၀ နေရာတွင်ရပ်တည်နေသော ၀က်ဖို့ဒ်မှာ ချန်ပီယံဖြစ်နိုင်ရန် အလားအလာအနည်းဆုံးဖြစ်နေသော်လည်း နည်းပြပိုချက်တီနိုက ကြိုတင်ခန့်မှန်း၍မရသော ဘောလုံးရာသီဖြစ်နေသောကြောင့် ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်ကလပ်များ ချန်ပီယံဖြစ်နိုင်သေးသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

စပါးနည်းပြပိုချက်တီနိုက ”ပရီးမီးယားလိဂ်ပြိုင်ပွဲက တကယ့်ကိုခက်ခဲပါတယ်။ ကမ္ဘာပေါ်မှာ အခက်အခဲဆုံးအမှတ်ပေးပြိုင်ပွဲဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ ထိပ်ဆုံး ၁၀ သင်းဝင် ကလပ်အားလုံး ချန်ပီယံဖြစ်ခွင့်ရှိပါတယ်။ ဒါက မြင်သာလွန်းပါတယ်။ ဘယ်အသင်းကိုမှ မှတ်ချက်ပြုလို့မရသေးပါဘူး။ ကစားဖို့ပွဲတွေ အများကြီးရှိနေသေးလို့ အားလုံးဖြစ်နိုင်ခြေရှိပါသေးတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!