အေစီမီလန်တိုက်စစ်မှူးဟောင်းပါတို ချဲလ်ဆီးသို့ရောက်ဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးမှခေါ်ယူဖွယ်ရှိနေသည့် ပါတို

ချဲလ်ဆီးအသင်းတိုက်စစ်မှူးများဖြစ်သော ရီမီနှင့် ဖယ်လ်ကာအိုတို့မှာ ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရသဖြင့် နည်းပြဟစ်ဒင့်က ကိုရင်သီယန်တိုက်စစ်မှူးပါတိုကို ခေါ်ယူဖွယ်ရှိကြောင်း ပြည်ပသတင်းဌာနများ၏အဆိုအရ သိရှိရသည်။

အဆိုပါဘရာဇီးတိုက်စစ်မှူးဘက်မှ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ရန်ဆန္ဒရှိသည်ဟု ပြောကြားထားသဖြင့် ချဲလ်ဆီးဘက်မှ ခေါ်ယူရန်တရားဝင်ကမ်းလှမ်းမည်ဆိုပါက ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဝန်းကျင်သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

ယခုအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီးဘက်မှ အေစီမီလန်တိုက်စစ်မှူးဘက်ကာအပါအ၀င် လက်စတာ၏အားထားရသောတိုက်စစ်မှူးဗာဒီတို့ကို ခေါ်ယူရန်ပြင်ဆင်နေသော်လည်း ၎င်းတို့၏ ကလပ်များက ရောင်းချမည် မဟုတ်ကြောင်းပြောကြားထားသဖြင့် ချဲလ်ဆီးသို့ပါတိုရောက်ရှိရန်ပိုမိုနီးစပ်လာခဲ့ခြင်းဖြစ်သည်။

ပါတိုဘက်မှလည်း အပြောင်းအရွှေ့နှင့်ပတ်သက်၍ ပြီးခဲ့သည့်လက ”ပရီးမီးယားလိဂ်မှာ ကျွန်တော်ကစားချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့နံပါတ် ၁ ပြိုင်ပွဲဖြစ်နေလို့ပါ” ဟု ပြောကြားခဲ့ဖူးသည်။

comments

error: Content is protected !!