ကျော်​ကိုကိုနှင့်​ ​ကျော်​မင်းဦးတို့ ဟံသာဝတီနှင့်ပွဲတွင်ပါဝင်​ရန်​ မ​သေချာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မကွေးနှင့်ပွဲစဉ်ကတွေ့ရသည့် ကျော်မင်းဦး

အောင်​​သော်​ဖြိုး။
ဇန်​နဝါရီ ၁၅။

မြန်​မာ​နေရှင်​နယ်​လိဂ် ​ပွဲစဉ်​ ၂ အဖြစ်​ ဇန်​နဝါရီလ ၁၇ ရက်​​နေ့တွင်​ ဟံသာဝတီနှင့်​ ယှဉ်​ပြိုင်​မည့်​ ​​ရန်​ကုန်​ယူနိုက်တက်တွင်​ ​ဒဏ်​ရာပြဿနာ ရှိ​နေသည့်​ ​​ကျော်​မင်းဦးနှင့်​ ​ကျော်​ကိုကိုတို့ပါဝင်​ရန်​ မ​သေချာ​ကြောင်း အသင်းမန်​​နေဂျာဦးမြင့်​သိန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ကျော်​မင်းဦးသည်​ မ​ကွေးနှင့်​ပွဲစဉ်​တွင်​ရရှိခဲ့သည့်​ ဒဏ်​ရာ​ကြောင့်​ တစ်​ပတ်​ခန့်​ နားရမည်​ဖြစ်​ပြီး ဇန်​နဝါရီလ ၁၄ ရက်​​နေ့က ပြုလုပ်​ခဲ့သည့်​ ​လေ့ကျင့်​​ရေးအစီအစဉ်​တွင်​ အ​ပေါ့စား​လေ့ကျင့်​ခန်းပြုလုပ်​ခဲ့သဖြင့်​ ဟံသာဝတီနှင့်​ပွဲစဉ်​မတိုင်​မီ ပြန်​လည်​သက်​သာနိုင်​​ခြေရှိသည်​ဟု သိရသည်​။

ရန်​ကုန်​ယူနိုက်တက်တိုက်​စစ်​မှူး ကျော်​ကိုကိုသည်​ အဖျား​​ဝေဒနာခံစား​နေရပြီး မ​ကွေးနှင့်​ပွဲစဉ်​ကိုလည်း လွဲ​ချော်​ခဲ့သလို လက်​ရှိအချိန်​တွင်​လည်း ​နေအိမ်​တွင်​အနားယူ​နေရသဖြင့်​ ​လေ့ကျင့်​​ရေးအစီအစဉ်​များကို မလာ​ရောက်​နိုင်​​ကြောင်းသိရသည်​။

ရန်​ကုန်​ယူနိုက်သည်​ လက်​ရှိချန်​ပီယံဘွဲ့ကို ကာကွယ်​နိုင်​​ရေးအတွက်​ ဘရာဇီးနည်းပြ အီမာဆင်​ကို မြန်​မာ​နေရှင်​နယ်​လိဂ်​ ပွဲစဉ်​ ၁ အပြီးတွင်​ လမ်းခွဲခဲ့ကာ ဧရာဝတီယူနိုက်တက်မှ နည်းပြမာယန်​ကို ၁ ​နှစ်​စာချုပ်​ဖြင့်​ ​ခေါ်ယူခဲ့သည်​။

comments

error: Content is protected !!