တစ်နှစ်တာအကောင်းဆုံးဂျာမနီဘောလုံးသမားဆုကို ၅ နှစ်အတွင်း ၄ ကြိမ်မြောက်အဖြစ် အိုဇဲလ်ရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၂၀၁၅ ဂျာမနီအကောင်းဆုံးဘောလုံးသမား အိုဇဲလ်

အာဆင်နယ်ကစားသမား အိုဇဲလ်သည် ၅ နှစ်အတွင်း ၄ ကြိမ်မြောက်အဖြစ် ဂျာမနီအကောင်းဆုံးဘောလုံးသမားဆု မဲပေးရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

ကမ္ဘာ့ဖလားဆုရှင် အိုဇဲလ်သည် ယခုရာသီတွင် အာဆင်နယ်၏ပရီးမီးယားလိဂ်အိပ်မက်ကို အဓိကအသက်သွင်းပေးနေသူဖြစ်ပြီး အာဆင်နယ်တွင်လည်း တစ်လတာအကောင်းဆုံးကစားသမားဆု ၃ လဆက်တိုက်ရရှိထားကာ ယခုအချိန်တွင် နိုင်ငံအသင်း၏တစ်နှစ်တာဆုအား ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

အိုဇဲလ်သည် ယူရို-၂၀၁၆ ခြေစစ်ပွဲတစ်လျှောက် ဂျာမနီအတွက် တစ်ပွဲသာပါဝင်ကစားခြင်းမရှိခဲ့ဘဲ တစ်နှစ်တာအကောင်းဆုံးဂျာမန်ဘောလုံးသမားဆုအတွက် မဲအားလုံး၏ ၄၅.၉ ရာခိုင်နှုန်းရရှိခဲ့ကာ သောမတ်စ်မူလာ(၁၅.၉)ရာခိုင်နှုန်း၊ ယိုးနက်စ်ဟက်တာ(၁၃.၆)တို့ကို အပြတ်အသတ်အသာရပြီး တစ်နှစ်တာအကောင်းဆုံးဂျာမန်ဘောလုံးသမားဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

အိုဇဲလ်၏ ၂၀၁၅ ခုနှစ် လက်ရွေးစင်အသင်း စွမ်းဆောင်ချက်များ
————————————————————————
– လက်ရွေးစင်ပွဲစဉ် ၉ ပွဲတွင် ၈ ပွဲကစားခဲ့။
– တစ်ပွဲပျမ်းမျှကစားချိန် ၉၄.၃၈ မိနစ်ရှိခဲ့။
– ထို ၈ ပွဲတွင် စုစုပေါင်းပြေးလွှားကစားခဲ့သည့်အကွာအဝေး ၉၂.၇၁ ကီလိုမီတာရှိခဲ့။
– ဂိုးပေါက်တည့်သည့်ကန်ချက် ၁၄ ကြိမ်ရှိခဲ့။
– ဂိုးဖန်တီးမှု ၆ ကြိမ်ရှိခဲ့။
– စုစုပေါင်းပေးပို့မှု ၆၁၂ ကြိမ်ရှိပြီး တစ်ပွဲပျမ်းမျှ ၇၆.၅ ကြိမ်ရှိခဲ့။

တစ်နှစ်တာအကောင်းဆုံးဂျာမနီဘောလုံးသမားဆုရရှိထားသူများ
—————————————————————————-
၂၀၁၀ – ရှဝိန်းစတိုင်ဂါ
၂၀၁၁ – အိုဇဲလ်
၂၀၁၂ – အိုဇဲလ်
၂၀၁၃ – အိုဇဲလ်
၂၀၁၄ – တိုနီကရူးစ်
၂၀၁၅ – အိုဇဲလ်

comments

error: Content is protected !!